အခန်း (၁၅)/က

5.2K 662 18
                                    

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.


--------------------

ရန်​ရှီးနဉ်​ကတော့ ယပ်​တောင်​ကလေးကို တဖျတ်​ဖျတ်​ခပ်​လို့၊ တစ်​စုံတစ်​ရာကို ပူပင်​နေရပုံပေါ်သည်​။

ဖေ့ကျင်းလည်း ရန်​ရှီးနဉ်​ကိုယ်​လေးကို သူ့ပေါင်​ပေါ် ဆွဲပွေ့တင်​လိုက်​ပြီး သူမ နားအနား ကပ်​တိုး၍ ပြောလိုက်​တော့သည်​။ "ရှင်​မ၊ စိတ်​ပူဖို့ မလိုတော့ပါဘူး... ကိုယ့်​သူလျိုတွေက အိမ်​တော်​တွင်းက အစေခံတိုင်း၊ အမှုထမ်းတိုင်းကို စစ်​ဆေးစုံစမ်းကြည့်​ပြီးပြီ... အခု ဆုယွဲ့လည်း မရှိတော့ဘူးဆိုတော့ ရှင်​မ စိတ်​တိုင်းကျ နံရံပေါ် ဖက်​တက်​ချင်​တက်... မြေကြီးပေါ် လူးလှိမ့်​နေချင်​လည်း နေလို့ ရပြီ..."

"ဘယ်​သူက စိုးရိမ်​နေလို့လဲ" ရန်​ရှီးနဉ်​ ပြန်​မေးဖြစ်​လိုက်​သည်​။ ခုလေးတင်​ ဖေ့ကျင်းပြောသွားသည့်​စကားက မိမိ ငယ်​စဉ်​ကလေးဘဝက အဖြစ်​အပျက်​များကို သတိရမိသွားစေသည်​။ ရှက်​ဖွယ်​ကောင်းလိုက်​လေခြင်း။ ရန်​ရှီးနဉ်​လည်း ဖေ့ကျင်းပေါင်​ပေါ် ဆက်​မထိုင်​နိုင်​တော့ဘဲ ထသွားမိသည်​။ "ဘာနံရံကို တွယ်​တက်​ရမှာလဲ၊ အစ်​ကိုကြီးပဲ အဲ့တုန်းက ကျွန်​မကို တက်​ခိုင်းခဲ့တာလေ... မြေကြီးပေါ် လူးလှိမ့်​နေတယ်​တဲ့လား... အဲ့ဒါလည်းပဲ အစ်​ကိုကြီး လှည့်​စားလို့ လုပ်​ရတာ မဟုတ်​လား..."

ရန်​ရှီးနဉ်​ စိတ်​ဆိုးသွားတာကို ကြည့်​ပြီး ဖေ့ကျင်းတစ်​ယောက်​ ပျော်​ပျော်​ကြီး ပြုံးနေခဲ့မိသည်​။

ရန်​ရှီးနဉ်​လည်း ဖေ့ကျင်း မျက်​နှာချင်းဆိုင်​မှ ခုံတွင်​ ဝင်​ထိုင်​လိုက်​၏။ သူမက အရေးမပါတာ၊ မလိုအပ်​တာကို စိုးရိမ်​ခဲ့မိသည်​ပဲ။ ဖေ့ကျင်းမှာ ဝမ်းတွင်းပုပ်​ဖြစ်​ပြီး သူ့အပေါ် အကောက်​ကြံရန်​ ရည်​ရွယ်​သူမှန်​သမျှ ကံဆိုးမိုးမှောင်​ကျမည့်​သူများသာ ဖြစ်​လေသည်​။

"ဟွမ်းကော်​အိမ်​တော်​က သတင်းပေးက ဆုယွဲ့ကို အဆိပ်​ပေးထားတာ" ဖေ့ကျင်း ပြောလာသည်။ "ဟိုအရင်​ကတည်းက ဆုယွဲ့အခန်းကို စစ်​ဆေးကြည့်​ဖို့ ကိုယ်​ ပေ့သိုကို ပြောပြီးသား... အရင်​ကဆို ကိုယ့်​အိမ်​တော်​ထဲရောက်​လာသမျှ သူလျိုတွေကို ရှင်းပစ်​လိုက်​ဖို့ လက်​မတွန့်​ခဲ့ဘူး၊ ဒါပေမဲ့ ဆုယွဲ့ကျတော့ ဟွမ်​ကော်​ရဲ့ သူလျိုဖြစ်​နေတယ်... မိဖုရားချန်​ ကိုယ့်​မွေးစားမေမေဖြစ်​ခဲ့ဖူးတာကို ထောက်​ထားတဲ့အနေနဲ့ ဆုယွဲ့ ကိုယ့်​ကို ထောက်​လှန်းနေတာတွေကို မသိယောင်​ ဆောင်​ပေးခဲ့တာ... ကိုယ့်​လူတွေကို ဆုယွဲ့ကိုပဲ စောင့်​ကြည့်​နေစေလိုက်​တယ်​၊ ဟွမ်​ကော်​ကိုလည်း စိတ်​မခုစေဘဲ ဆုယွဲ့ကို ပြန်​ပို့ပေးလို့ရမယ့်​ နည်းလမ်းမျိုး ကိုယ်​ရှာတယ်... အဲ့ဒါ လွန်​ခဲ့တဲ့ နှစ်​နှစ်​လောက်​ကတည်းကပဲ။ ကျန်းနန်​ကနေ ကိုယ်​ပြန်​လာတော့ သူ့ကို ရှောင်​နေရုံပဲ တတ်​နိုင်​တယ်... ပြီးတော့ သူ့ကို ဟွမ်​ကော်​အိမ်​တော်​ဆီ ပြန်​ပို့လို့ ရမဲ့ အခွင့်​အရေးကို စောင့်​နေတာပေါ့လေ..."

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now