တစ်စုံတစ်ခုကို ကြောက်သည့်အလား
ပြေးနေသည့် ခြေလှမ်းတွေက
သာမန်ထက် မြန်ဆန်နေ၏။

သန်းခေါင်ယံညအလယ်တွင်
မှောင်မည်းသော တောအုပ်ထဲ
လှုပ်လှုပ်ရှားရှား ရှိနေသူက
သူတစ်ယောက်တည်းသာ။

ဖိနပ်စီးထားခြင်းမရှိသည့်
ခြေဖဝါးနုနုတို့သည့် မြက်ပင်တွေ၏
ကျေးဇူးဖြင့် ပေါက်ကွဲကာ စုတ်ပြတ်နေ၏။

ဒဏ်ရာကို မမှုသောကောင်လေးက
အသည်းအသန် ပြေးနေသော်လည်း
ရုတ်တရက် ပြေးနေရာမှရပ်လိုက်၏။

မျက်ရည်တွေအပြိုင်ကျဆင်းလာသည့်
ကောင်လေးက သူ့ရှေ့မှာရပ်နေသော
လူတစ်ယောက်ကို မြင်လိုက်သည်နှင့်
တုန်ရီကြောက်လန့်စွာ မော့ကြည့်လာသည်။

စိတ်ထဲ၌သူမဖြစ်ပါစေနဲ့ဟု
ဆုတောင်းနေမိသော်လည်း
ဘုရားသခင်သည် ယုခုချိန်မှာ
သူ့ဆုတောင်းတွေကို မလိုက်လျောခဲ့။

သူ့ရှေ့ရှိ ထိုလူသည်
သူ့ကို ခပ်စူးစူးစိုက်ကြည့်ရင်း
ကြောက်စရာကောင်းစွာ ပြုံးသည်။

"မင်းသတ္တိတွေ သိပ်ရှိနေတယ်ပေါ့
ဟုတ်လား ကင်မ်ထယ်ယောင်း"

"တောင်း...တောင်းပန်ပါတယ်..
ကျွန်တော့်ကိုလွှတ်ပေးပါ ကျွန်တော်
ကျွန်တောင်းပန်ပါတယ်....ဟင့်"

ရှိုက်သံများဖြင့် ထိုကောင်လေးက
အင်မတန်ကြောက်ရွံ့နေသည်ကို
သက်သေပြ၏။

"မင်းမှာအပြစ်ရှိတာ
သိတယ်နော် Baby~"

ခပ်တိုးတိုးထွက်လာသော ထိုစကားသည်
ထိတ်လန့်ဖွယ်ကောင်းလှသည်။

မျက်လုံးထဲ၌ထင်ဟပ်နေသည့်
မီးတောက်မျက်ဝန်းတွေသည်
ထိုလူ၏ဒေါသတွေ အဆုံးအစမရှိ
ထွက်ပေါ်နေသည်ကို ညွှန်ပြနေ၏။

"ဟင့်အင်း..မလုပ်ပါနဲ့
ကျွန်တော့်ကိုလွှတ်ပေးပါ
ဟင့် တောင်းပန်ပါတယ်.."

ဖြန်း!

လည်ထွက်သွားသောမျက်နှာ။
နှုတ်ခမ်းထောင့်၌ သွေးစတို့နေရာယူသွားသည်။
ပြည့်အိုင်နေသည့် မျက်ရည်စတို့က
အမြင်ဝေဝါးမှုကို ပြုလုပ်သည်။

𝐎𝐛𝐬𝐞𝐬𝐬𝐢𝐨𝐧Where stories live. Discover now