Chapter-4 part 2

1.7K 448 9
                                    

[Unicode]ဒါရိုက်တာရှု လက်ရှိအခြေအနေကတော့ အငြင်းခံလိုက်ရတာရယ်၊ အရှက်ရလိုက်တာရယ်တွေနဲ့ပေါင်းပြီး အတော်စိတ်ညှိုးနွမ်းနေတဲ့ အနေအထားပါ။ နမ်းမှုပြုခဲ့ကြစဉ်က သူ အတော်နှစ်ထောင်းအားရဖြစ်နေခဲ့တာ။ မျက်လုံးတွေမှိတ်ထားပြီး စိတ်ရော ခန္ဓာရော ဒီအနမ်းထဲမှာပဲ နှစ်မြှုပ်ထားခဲ့တာ။ ဘယ်သူထင်မှာတုန်း…နောက်ဆုံးရလဒ်က ခုလိုဖြစ်သွားလိမ့်မယ်လို့။ ပြန်တွေးရင်းနဲ့တောင် ရှက်ရလွန်းလို့ မျက်နှာကြီးနီလာပြီ။

တရားခံက သူ့အသံဖြစ်လိမ့်မယ်လို့ တစ်ခါမှမတွေးမိဘူး…ဒီအသံလေးအတွက်နဲ့ လင်းရှောင်အာက သူ့အပေါ် သဘောမနောကောင်းပြ၊ ဂရုစိုက်ပြလုပ်နေတာတဲ့။ ချစ်ရည်ရွှန်းနေတဲ့မျက်ဝန်းတွေနဲ့ ကြည့်တာကလည်း ဒီအသံကြောင့်ပါတဲ့။

လင်းရှောင်အာအိမ်ကထွက်လာတာနဲ့ သူ့ခြေလှမ်းတွေ မမှန်ချင်တော့ဘူး။ စိတ်ညစ်တာတွေပျောက်စေဖို့ တိတ်ဆိတ်တဲ့တစ်နေရာမှာ ဝိုင်တစ်ပုလင်းလောက်သောက်မှ ဖြစ်တော့မယ်။

စိတ်ညစ်မှုတွေကို တစ်ခုခုနဲ့ မျှောချပစ်မှပဲရမယ်။ ရည်ရွယ်ချက်မရှိ ကားလျှောက်မောင်းနေတာ တစ်လမ်းပြီးတစ်လမ်း၊ တစ်ဝိုင်းပြီးတစ်ဝိုင်း ပတ်မောင်းနေတော့တယ်။

နောက်ဆုံးတော့ အိမ်ရောက်လာသေးရဲ့။
ချက်ချင်းပဲ ဝိုင်ဖြူတစ်ပုလင်းကိုဖွင့်ပြီး ပုလင်းလိုက် မော့ချလိုက်တယ်။

ငါ တော်တော် ကံမကောင်းတာပဲ။ အဖြောင့်တွေကိုပဲ ကြိုက်မိတယ်။ အမြဲတမ်းပဲ။ ဘယ်လိုကံမကောင်းမှုကြီးလဲ!

တစ်ယောက်ကိုကြိုက်တယ်။ အဖြောင့်မို့နာကျင်ရတယ်။ နောက်တစ်ယောက်ထပ်ကြိုက်တယ်။ အဖြောင့်ဖြစ်နေပြန်တယ်။ ဒါကြီးက ဘယ်တော့မှပြီးဆုံးမှာလဲ။ ဒီတစ်ခေါက်နဲ့ဆို ငါးကြိမ်မြောက်ရှိပြီ ငါးကြိမ်မြောက်! ဒါပေမယ့် ဒီတစ်ခေါက်အငြင်းခံရတဲ့အကြောင်းပြချက်က “မင်းကို ညီအစ်ကိုလိုပဲခင်တယ်” ဆိုတာမျိုးမဟုတ်ဘူး။ “မင်းအသံကိုပဲ ကြိုက်တာပါ…” တဲ့။

ဘာပဲဖြစ်ဖြစ် “ကြိုက်တယ်” ဆိုတာတော့ ပါလာပြီပဲ။ တိုးတက်လာတယ်ပဲ ဆိုရမလား ဟားဟား……

အသံရဲ့ညှို့အား[Completed]Where stories live. Discover now