ကျောက်သားများဖြင်တည်ဆောက်ထားသောနန်းတော်တစ်နေရာတွင်ဘေးတစ်ဖတ်တစ်ချက်စီတွင်မတ်တပ်ရပ်နေကြသောသူများသည်သူတို့ရှေ့တွင်ကြီးမားသောကျောက်သားကိုသေသပ်လှပစွာထွင်းထုထားသောပုလ္လင်ထက်တွင်အနတ်ရောင်ပေမဲ့ခန့်ညာတင့်တယ်သောဝတ်ရုံရှည်ကိုဝတ်ဆင်ထားသောသူတစ်ဦးထိုင်နေလေသည်။ထိုသူသည်တစ်ချက်ကြည့်ရုံဖြင့်ကြက်သီးများထရလောက်အောင်စူရဲသောအကြည့်များရှိသည့်နီမြန်းသည့်မျက်ဝန်းတစ်စုံလည်းရှိပေသည်။သူ့၏အကြည့်များတွင်
ရက်စက်သော ပြတ်သားသော သွေးအေးသော
ပုံရိပ်များကိုတွေ့မြင်ရလေသည်။ထိုသူကတခြားသူမဟုတ်မကောင်းဆိုးဝါးလောကကိုအုပ်စိုးသောဘုရင်ကြီးသာဖြစ်ပေသည် အောက်ဘက်တွင်ခစားကြသောမှူးမတ်များသည်
သူတို့၏အရှင်သခင်ကိုအရိုအသေပေးကာညီလာခံကိုစတင်ကြလေသည်။"အရှင့်ကို ဂါရဝပြုပါတယ်
သက်ကျော်ရာကျော်ရှည်ပါစေအရှင်"
အမတ်များသည်ခါးကိုင်းကာဦးညွှတ်အရိုအသေပေးကြလေသည်။"မတ်တပ်ရပ်ပီးသက်သာသလိုခစားကြပါ"
ဘုရင်ကြီးကအရိုအသေပေးသောအမတ်များကိုလက်ကိုကာပြကာနေရာတွင်ပြန်နေစေလိုက်လေသည်။"ကျေးဇူးပါအရှင်"
"ကဲ...ငါကိုယ်တော်စုံစမ်းခိုင်းတာဘယ်လိုလဲသိရပီလား"
ဘုရင်ကြီးကသူ့၏အမတ်များကိုတစ်ချက်ဝေ့ကြည့်ကာအကဲခတ်လိုက်လေသည်။"အဲဒါ'~~"
အမတ်တွေတစ်ကိုတစ်ယောက်ကြည့်ကြပီး ထိုထဲမှတစ်ယောက်ကရှေ့ထွက်ပီးလျှောက်တင်လိုက်လေသည်။"လျှောက်တင်ပါတယ်အရှင် ကျွန်တော်မျိုစုံစမ်းရရှိပါပီး"
"ဟုတ်လား အခုဘယ်မှာလဲ"
ဘုရင်ကြီးသည်စိတ်ဝင်တစားဖြင့်ကိုယ်ကိုရှေ့ကိုနည်းနည်းလေးကိုင်းကာစူးစိုက်နားထောင်နေလေရဲ့ မျက်နှာတော်ကလည်းခုနကလိုခတ်ထန်မနေဘဲ အနည်းငယ်ပျော့လာလေသည်။
YOU ARE READING
Our King (ကျွန်ုပ်တို့၏ရှင်ဘုရင်လေး)
Fanfictionဆုတောင်းသာပြည့်ခဲ့ရင် ကျွန်ုပ်ချစ်ရတဲ့အာယမ်နဲ့ကျွန်ုပ်ကိုအသက်မျှချစ်တဲ့စုန့်လန်တို့နဲ့ထာဝရပျော်ရွှင်စွာအတူတကွနေထိုင်ခွင့်ရချင်တယ်(ရှင်းချန်) မင်းဟာကိုယ်တို့ရဲ့ရှင်ဘုရင်လေးပါရှင်းချန် မင်းရှိနေလို့ဘုံသုံးဘုံကအေးချမ်...