"အစ်ကိုတစ်စီးရယ် ၊ အဲ့ဒါရယ် နှစ်စီးပဲ ယူလိုက်တော့မယ်နော် ညီမ"

"ဪ ... ဟုတ်ကဲ့ ရပါတယ်ရှင့် "

ပြောပြီးချင်းပဲ လှည့်ထွက်သွားသော အပြုံးချိုချိုနဲ့ လူတစ်ယောက်နဲ့ ပန်းစည်းတစ်စီးတည်းကို အတူကိုင်ကာ လျှောက်သွားသော သူနှစ်ယောက်အား ပန်းသည်လေးမှ ကြောင်တောင်တောင်လေး ရပ်ကြည့်လို့နေသည်။စကားမပြောဘဲ အမူအယာနဲ့သာ အလျော့မပေးတဲ့ဒီနှစ်ယောက်ဟာ သူမအိမ်က ၇နှစ်နဲ့ ၅နှစ်သား မောင်လေးနှစ်ယောက် အဝေမတည့်စွာ မုန့်လုစားပုံနှင့် တူနေလေတော့သည်။

ဘုရားကန်တော့ချိန်မှ ကိုင်ထားသော စိုင်းခန့်လက်ကို လွတ်ပေးပြီး သူက လက်ချည်းဗလာဦးချသည်။ဆောင့်ကြောင့်ထိုင်လျက် နှဖူးမှာကပ်ထားသော ရှည်သွယ်သော လက်တွေနှင့် မှိတ်ထားသော မျက်လုံး၊ ခပ်တိုးတိုး ရွတ်ဆိုသော နှုတ်ခမ်းလွှာ ။

ထိုအရာတို့ကို စိုင်းခန့်ငေးကြည့်နေမိတာ မျက်တောင်ခတ်မိရဲ့လားတောင်မသိ။ နေရှိန်ဦးချလိုက်ချိန်မှ စိုင်းခန့် အရှေ့တည့်တည့်ကို ပြန်လှည့်ပြီး မျက်လုံးမှိတ်ကာဘုရားကို အာရုံပြုလိုက်သည်။
သစ္စာပန်းစီးလေးကို ပန်းအိုးဆီ ထိုးဖို့ ပြင်တော့ သူက လှမ်းယူလိုက်ပြီး ဆည်းကပ်သည်။

နေရှိန်လက်နဲ့အတူ ကပ်လှူလိုက်သော ထိုသစ္စာပန်းလေးကို ကြည့်ရင်း အနှစ်နှစ်အလလက ဆုတောင်းနေ​သော အရာတစ်ခု ပြည့်ဝသွားသလို စိုင်းခန့် ပြုံးသွားမိသည်။ဘာကြောင့်ရယ်မသိ ထိုပန်းလေးကို ကြည့်နေရင်း ပျော်ရွင်နေသည်။

ဘုရားဝန်းထဲ ပတ်ကြည့်တော့လည်း အရင်ကလို ခပ်ခွာခွာမနေတော့ဘဲ စိုင်းခန့်ဘေးနားမှာ ရှိနေပေးသည်။ညနေဆည်းဆာရောင်ရဲ့ အောက်မှာ နက်မှောင်နေသောဆံနွယ်တွေကို ထိကိုင်ချင်တဲ့ စိတ်က ရွှေစည်းခုံစောင်းတန်းထဲကလို လက်ကိုကိုင်ချင်တဲ့ စိတ်နဲ့ တစ်ထပ်တည်း ကျနေပြန်သည်။

ပြန်လည် ကြည်ဖြူလာတဲ့ နေရှိန်မျက်နှာကြောင့်လားတော့မသိ လက်တို့က အရဲတင်းကာ လှမ်းလိုက်မိသည်။သန်စွမ်းတဲ့ ဆံသားတွေ လက်ချောင်းကြားထဲသို့ တိုးဝင်လာတာခံစားမိချိန် နေရှိန်ကလည်း စောင်းငဲ့ကြည့်လာသည်။

သစ္စာတည်၍ အမျက်တော်ပြေ S2حيث تعيش القصص. اكتشف الآن