"ဟင်!..ဘာလို့တုန်း"

"သူကစစ်နတ်ဘုရားမဟုတ်လို့လေ
သူကအစောင့်အရှောက်နတ်ဘုရားလေးပဲ
ကလေးတွေရဲ့အစောင့်အရှောက်နတ်ဘုရား တယောက်ယောက်ရဲ့ ဘဝကိုစတင်တဲ့အခိုက်အတန့်ကို သူကထိန်ချုပ်ထားတာ"

"......."

"ဒါပေမယ့် ချစ်ခြင်းတခုက သူကိုနတ်သက်ကြွေစေတယ် နဂါးဘုရင်ဘက်ကစခဲ့တဲ့ချစ်ခြင်းတခုက အစောင့်အရှောက်အရှောက်နတ်ဘုရားလေးရဲ့ ပေးဆပ်ခြင်းမှာအဆုံးသတ်ခဲ့တယ်"

"နောက်ပြီးတော့ရော ..ဘာဆက်ဖြစ်သွားလဲ
အနက်ရောင်နဂါးဘုရင်ကငြိမ်နေမယ်မထင်ဘူး"

"ဟုတ်တာပေါ့ ငြိမ်နေမလား ဒီလိုနဲ့ပဲ ကောင်ကင်ဘုံကကျိန်စာအကြီးကြီးတခုချမှတ်ခဲ့တယ် နောက်ပြီး သူလည်းသေသွားတယ်"

"ဒါနဲ့ ရှစ်ဇွင်း သူ့ကိုတိုက်ခဲ့တဲ့ကျိန်စာကဘာလဲဟင်?"

___

"ရှစ်ဇွင်း.."

တိတ်ဆိတ်နေတဲ့ ခန်မအလယ်မှာ ကြိုး‌တွေနဲ့ချည်ထားတဲ့လူတယောက်ကဒူးထောက်လျှက်ရှိသည်။ အဖြူရောင်ဝတ်ရုံက တောက်‌ပြောင်မနေဘဲ ဟောင်းနွမ်းညစ်ပေနေသော်လည်း ချောမောလှသော မျက်နှာလေးကိုနဲနဲလေးမှ အရောင်မှိန်စေမည်မဟုတ်။ အဖြူရောင်ဆံပင်ရှည်တွေက ဒူးထောက်ထိုင်ထားတဲ့အနေအထားကြောင့် ကြမ်းပြင်ပေါ်မှာပြန့်ကျဲနေသည်။ နှင်းပွင့်လေးတွေလိုဖြူ ဖွေးနေတဲ့ မျက်နှာပေါ်မှာ ဆံချည်မျှင်တပင်တောင်မကျစေအောင် စုသိမ်းကာဆံနွယ်တဝက်ကို အဖြူရောင်ဖဲကြိုးလေးဖြင့် စည်းနှောင်ထားပြီး လှပကျော့ရှင်းသည့်မျက်နှာလေးကို လှစ်ဟာထားသည်။

"ရှစ်ဇွင်း..ကျွန်နောက်ကိုပြန်ပြောပါအုံး
ရှစ်ဇွင်း!!!!!!!
ရှောင်း  !     ရှောင် !     ပိုင် !"

ခပ်လှမ်းလှမ်း ခုံပေါ်ကနေထိုင်နေတဲ့ လူငယ်၏ အော်သံက ခန်မဆောင်အတွင်းပဲ့တင်ထပ်သွားသည်။ သူရဲ့ရှစ်ဇွင်းဖြစ်သူကတော့ မလှုပ်မယှက်‌ထိုင်နေတုန်း။

အနက်ရောင်ဆံနွယ်တွေကို ခပ်မြင့်မြင့်စီးထားပြီး ဧကရာဇ်တပါးလို အဆင်တန်ဆာတွေနှင့် ထိုကောင်လေးရဲ့အကြည့်တွေကတော့  ကြိုးတွေနဲ့တုတ်နှောင်ထားတဲ့ သူဆီကနေ အကြည့်ခွာသွားခြင်လုံးဝမရှိခဲ့ပေ။

You've reached the end of published parts.

⏰ Last updated: Oct 20, 2020 ⏰

Add this story to your Library to get notified about new parts!

White OathsWhere stories live. Discover now