Merry .. သူမရှေ့မှ Alex နဖူးလေးကို နမ်းလိုက်သည်။
Merry - " Alexက အရူးကြီးလား? Alexက အစောကြီးကတည်းက Merry အပိုင်ပဲလေ.. ဒါကြောင့်တောင်းပန်စရာမလိုပါဘူး.. Alexဘာလုပ်လုပ် Merryနားလည်ပေးပြီးသား"
Alex , သူမဝတ်ပေးထားတဲ့ လက်စွပ်လေးကို ဝတ်ဆင်ထားတဲ့ Merryလက်လေးကို နမ်းလိုက်ပြီး..
Alex - " GIURAMENTO (ဂျူရန်မန်တို~ အီတလီစကား) ..ကိုယ်အီတလီနေခဲ့တော့ သူတို့က သူတို့အသက်ထက်ချစ်ရပြီး တသက်လုံးစောင့်ရှောက်သွားချင်တဲ့လူတွေကို ပြောတဲ့စကားလေ။ ကိုယ်လည်း မင်းကို ကျိန်းသေပေါက် ပြောချင်ခဲ့တာ"
Merry - " ကျမ်းကျိန်တာလား?"
Alex - " ကျမ်းကျိန်တာထက် လေးနက်တယ်.. သူ့အဓိပ္ပါယ်က 🌻 နှစ်တွေ ဘယ်လောက်ကြာနေပါစေ.. အဆုံးမဲ့တဲ့ ဒီကမ္ဘာကြီးပျက်စီးသွားခဲ့ရင်တောင် ကိုယ့်ချစ်ရသူကို ပေးခဲ့တဲ့ ကတိတွေကို သေချာပေါက်တည်ပါ့မယ်တဲ့🌻"
Merry - "ကျေးဇူးတင်ပါတယ် Alex.. Merry ဆီပြန်လာပေးလို့.. အချိန်တွေ နေရာတွေ ခြားနေခဲ့ပေမယ့် Alexအပေါ်ချစ်တဲ့စိတ်က ပျောက်မသွားခဲ့ဘူး။ ဒါကြောင့် အခုကစပြီး Merry မမြင်နိုင်တဲ့ နေရာကို ထပ်ထွက်မသွားပါနဲ့တော့ Alexကို ချစ်တယ်...."
Alex , Merry နဖူးပြီးတော့ နှုတ်ခမ်း ကို နမ်းလိုက်သည်။ ပြီးတော့ Merry ကိုယ်လေးကို ဆိုဖာပေါ်သို့ လှဲချလိုက်ပြီး..
Alex - " ကိုယ်ကော ပဲ မင်းကို ချစ်တယ်။ ကိုယ်တောင် မသိလိုက်ပဲ ကိုယ့်နှလုံးသားထဲမှာ မင်းလေးက နေရာအပြည့်ယူထားပြီးပြီ... ခြံထဲက ချုံပုတ်လေးဘေးနားမှာ ဂျစ်ကန်ကန်နဲ့ ထိုင်နေတဲ့ ကောင်မလေးကို မြင်ကတည်း ဒီကောင်မလေးက ကိုယ့်အတွက်အရေးပါတဲ့သူဆိုတာ... "
သူမကို နမ်းနေတဲ့ Alexကို ရင်ခွင်ထဲဆွဲကာ ဖက်ထားလိုက်ပြီး.....
YOU ARE READING
Why Can't I hold you
Romance#Yuri#Girllove#Romance#Drama#Love#🔞alittle warning#TeenFiction#🌈 #GirlloveGirl #Girl x Girl #Lesbian#Lesbianlove#Lovehasenogender#Koo#❤️❤️ (Unicode+Zawgyi )
🚨Special Chapter 🚨🚨🚨
Start from the beginning
