Alex - " ဘယ်အချိန်ရှိပြီလဲ?"
Merry - " 7:00 နာရီ ထိုးနေပြီ"
Alex - " ထပ်အိပ်ဦး.. ကိုယ်ချမ်းတယ် ..."
Merry ခေါင်းအုံးပေါ်ပြန်လှဲလိုက်ပြီး လက်နှစ်ဖက်ကို ဆန့်ကာပေးလိုက်သည်။ သူမရင်ခွင်ထဲ ကလေးလေးလို ခေါင်းတိုးပြီး ဝင်လာသည့် Alexကို ကျောလေးကို ပုတ်သိပ်နေလိုက်သည်။ 💭 Alex..သူအရမ်းချစ်ဖို့ကောင်းတာပဲ ..ဒါပေမယ့် ငါ့နောက်ကျောတွေနာနေပြီ..ညက ဘယ်နှစ်ခေါက်တောင် ငါတို့လုပ်လိုက်မိတာလည်း?💭💭🤧
Alex - " နွေးနေရော...ပဲ.."
💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
အိမ်ရှေ့မှ အဆက်မပြတ်မြည်နေတဲ့ ဘဲလ်သံကြောင့် Merry လန့်နိုးသွားသည်။ ဘေးသို့စမ်းကြည့်လိုက်တော့ Alexမရှိတော့ .. Alexကို သူမဘေးမှာ မတွေ့ရခြင်းက တစုံတခုသော ကြောက်စိတ်က တဖန်ပြန်ဝင်လာခဲ့ပြီး.. အိပ်ယာမှ အမြန်ထပြီး အိမ်ရှေ့ပြေးထွက်လာခဲ့သည်။
Merry - " ဟင်?!!! Alex?.... Alex?.. Alex?!!!!!!"
သို့သော် ခြေထောက်တွေက အားမရှိတော့သည့်အတွက် အခန်းဝတွင် ပစ်လှဲကျသွားစဉ် Delivery လာပို့သည့် စားစရာတွေ ယူလာသည့် Alexက သူမဆီအမြန်ပြေးလာပြီး ပွေ့ချီလိုက်သည်။
Alex - " Merry?!! အဆင်ပြေရဲ့လား?! ကိုယ်ဒီမှာရှိပါတယ်? လာ .."
Merry.. သူမကိုချီထားသည့် Alexရင်ခွင်ထဲ ခေါင်းတိုးကာ ဝင်လိုက်ပြီး..လက်သီးဖြင့် Alexကို အဆက်မပြတ်ထုနေမိသည်။
Merry - " ထပ်ပြီး.. Merryအနားက ထွက်သွားပြီ ထင်နေတာ.. Alex ထပ်ထားသွားခဲ့ပြီ ထင်နေခဲ့တာ.. အရူးမကြီး"
Alex - "ကိုယ်တောင်းပန်ပါတယ်.. ဒီလိုမျိုး စိတ်ဒဏ်ရာတွေပေးမိလို့ အခုကစပြီး ကိုယ်အမြဲရှိနေပေးသွားမှာမလို့ ကိုယ့်ကို ဒီလိုမျိုး မှီခိုထားလို့ရပါတယ်။ ဒီလိုမျိုး ထုရိုက်လို့လည်းရပါတယ်...နာပေမယ့်လည်း မနာသလိုနေပေးပါ့မယ်.. ဟဲ... ဟားဟား"
YOU ARE READING
Why Can't I hold you
Romance#Yuri#Girllove#Romance#Drama#Love#🔞alittle warning#TeenFiction#🌈 #GirlloveGirl #Girl x Girl #Lesbian#Lesbianlove#Lovehasenogender#Koo#❤️❤️ (Unicode+Zawgyi )
🚨Special Chapter 🚨🚨🚨
Start from the beginning
