Ep 1

65.3K 3.3K 175
                                    

Unicode

မှိုင်းစေနိုင်ခ မိခင်ဖြစ်သူ၏ တစ်ချက်လွှတ်အမိန့်ကြောင့် မန္တလေးကိုသွားသည့်ကားပေါ်ရောက်နေသည် ။ ကားလက်မှတ်ကို နှစ်ယောက်စာဖြတ်ထားသောကြောင့် သူ့ဘေးတွင်လူမရှိ ။

ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းကာ Mask တပ်ထားသည့် မှိုင်းစေနိုင်ခကို ကားပေါ်ရှိလူများက စူးစမ်းကြည့်များနှင့် ကြည့်နေကြသည် ။ မှိုင်းစေနိုင်ခကတော့ သူ့ကိုကြည့်နေသူများရှိ‌နေသည်ကို သိပင်မသိဟန် ။ ကားမှန်အပြင်ကိုသာကြည့်ပြီး အတွေးလွန်နေသည် ။

Flash Back,

" မှိုင်းစေနိုင်ခ မင်းဘွဲ့ရတာ ပဲ တစ်နှစ်ရှိပြီ
ခုချိန်ထိလဲ မိဘအလုပ်ကို ကူမလုပ်ဘူး
ကိုယ်ပိုင် စီးပွားရေးကျတော့လည်းမလုပ်ဘူး"

"သူငယ်ချင်းတွေနဲ့ အလေလိုက်
ရည်းစားတွေ ထည်လဲထားပြီး
သူများသမီးတွေကိုဖျက်စီးနေတာတော်သင့်ပြီနော်"

"သူများသမီး ဖျက်စီးတယ်ပြောရအောင်
သားက ဘယ်မိန်းကလေးကို
ဗိုက်တစ်လုံး ကလေးတစ်ယောက်နဲ့ထားခဲ့ဘူးလို့လဲ"

မှိုင်းစေနိုင်ခက ဒေါ်မေစံပယ်၏စကားကို
မကျေနပ်စွာဖြင့်ပြန်ပြောသည် ။

"ဗိုက်မကြီးပြီး ကလေးမရရုံတမယ်ပဲလေ
တစ်နေ့တစ်နေ့ မင်း ရဲ့ရည်းစားတွေ
အိမ်ကိုလာလာပြီး ပြသာနာရှာနေတာ"

"ဟာ အမေကလည်း"

မှိုင်းစေနိုင်ခက စိတ်ညစ်စွာဖြင့် သူ့ဆံပင်တွေကိုလက်နှင့်ဖွသည် ။ လူငယ်ပဲလေ ။ အနည်းနဲ့အများတော့ ရည်းစားထားကြသည်မလား ။ သူက ရည်းစားနည်းနည်းများသွားရုံသာ ။

"အမေကမလဲဘူးဟေ့
တော်ပြီ မင်းကို ဒီတိုင်းထားလို့မဖြစ်တော့ဘူး
မန္တလေးက ငါ့သူငယ်ချင်းသမီးနဲ့လက်ထပ်ပေးရမယ်"

ဒေါ်မေစံပယ်က မှိုင်းစေနိုင်ခအလုပ်မလုပ်သည်ကို နားလည်ပေးလို့ရသော်လည်း ရည်းစားများသည်ကိုတော့ နားလည်မပေးနိုင်ပေ ။ တစ်ဦးတည်းသောသားလေး မတော်မရော်မိန်းကလေးနှင့် အိမ်ထောင်ကျသွားမည်ကို စိုးရိမ်သည် ။

Please , Forgive me ( Complete )Where stories live. Discover now