လင်းရှောင်အာ နှလုံးသား ထိန်းမရအောင် ခုန်နေပြီ။ ဒီနောက်မှာ ရှုယွမ်ကို သူတွန်းထုတ်လိုက်ပြီး ရေနစ်နေတဲ့လူလို အသက်ကိုအငမ်းမရ ရှုနေတယ်။ သူ့မျက်ဝန်းတွေ ဂနာမငြိမ်ဘူး။ ဒေါသလည်းထွက်သွားတယ်။

" မင်း...ဒါဘာလုပ်တာလဲ"

ရှုယွမ် သူ့နှုတ်ခမ်းတွေကို ဟန်ပါပါ လျက်လိုက်တယ်။ မြေခွေးဟန် သူ့မျက်ဝန်းတွေဟာ ပြုံးနေသယောင်...

"သိပ်ချိုတာပဲ...ဘာလဲ...ကိုယ်နမ်းတာ မကြိုက်လို့လား"

"........"

လင်းရှောင်အာ အရမ်းရှက်သွားတယ်။
ခေါင်းထဲလည်း အတွေးတစ်ခု ဝင်လာတယ်...
ငလူး, ရှုယွမ်က ဂေးလား။ မဖြစ်နိုင်ပါဘူးနော်!?

ဒါ သူ နှစ်ဆယ့်လေးနှစ်တာ တယုတယထိန်းသိမ်းလာခဲ့ရတဲ့ ပထမဆုံးအနမ်းလေကွာ...အား!!!
လင်းရှောင်အာ ရှက်လည်းရှက်၊ ဒေါသလည်းထွက်နဲ့ သူဌေးတွေဘာတွေလည်း ဂရုမစိုက်နိုင်တော့ဘဲ သူ့ကိုထိုးလိုက်ပါတော့တယ်။

" မသာကောင်! မင်းက ဘာကိုသိ၊ တတ်‌နေတာလဲ...မင်းက Laoziမို့လား?!

(T/N: Laozi ဟာ ရှေးတရုတ်အတွေးအခေါ်ပညာရှင်နဲ့ စာရေးဆရာတစ်ဦးဖြစ်ပါတယ်)

တော်ရုံသိပ်မအံ့ဩတတ်တဲ့ရှုယွမ်တောင် ခုအခြေအနေကို အအံ့ဩကြီး အံ့ဩနေမိတယ်။ လင်းရှောင်အာ လက်မောင်းတွေက သေးပေမယ့် ဒေါသတွေကြောင့်လားမသိ အားပြင်းချက်။ ခေါင်းပေါ်တည့်တည့်ကျလာမယ့် လက်သီးကို‌တော့ သူရှောင်လိုက်နိုင်တယ်။ ပြီးတော့ သိချင်စိတ်ကြောင့် မေးလိုက်မိတယ်။

"ဘာဖြစ်နေတာလဲ။ မင်း ငါ့ကိုမကြိုက်ဘူးလား"

သူ့ဘက်က ကြိုက်တာ လုံးဝသေချာနေပေမယ့် တစ်ဖက်လူကတော့ မသေချာတဲ့ပုံပဲ...

လင်းရှောင်အာ ဒေါသမီးတွေ ဟုန်းဟုန်းတောက်နေပါပြီ။

"ဘယ်သူတုံး, ဘယ်သူလဲ။ ဘယ်သူက မင်းကိုကြိုက်တာလဲ...ဟမ်?"

"......"

ရှုယွမ် ဘယ်လိုပြန်ပြောရမှန်း မသိဘူး။ ဒါပေမယ့် အမြဲအေးအေးလူလူနေတတ်တဲ့ လင်းရှောင်အာရဲ့ ရှားရှားပါးပါး သွေးဆူနေတဲ့ပုံစံက ချစ်စရာကောင်းသားပဲလို့ သူထင်နေမိတယ်။ ဒါကြောင့် ရှေ့တစ်လှမ်းတိုးပြီး ပြောလိုက်တယ်။

အသံရဲ့ညှို့အား[Completed]Where stories live. Discover now