Ep-24(Zawgyi)

Start bij het begin
                                    

"ဘယ်ကို မောင်းရမလဲ "

ကားထဲ ပြန်ရောက်ပြီးချိန် ဘယ်သူ့ရယ်လို့မရည်ရွယ်ဘဲ မေးသည့်စကား။ စိုင်းခန့်လည်းမသိတာမို့ တိမ်စိုင်ကသာ ခရီးဦးဆောင်သူပီပီ လမ်းပြသည်။

"ရွှေစည်းခုံဘုရားကို သွားရအောင်... ကိုကိုတို့ သူငယ်ချင်းအဖွဲ့နဲ့ ရောက်တုန်းက ရွှေစည်းခုံကို ညခင်းပိုင်းသွားတာ ပိုကောင်းတယ် အခုမောင်းမှာနဲ့ဆို ကွက်တိလောက်ပဲ "

နေရှိန် ခေါင်းညိတ်ပြီး ကားကိုလမ်းမပေါ် ပြန်လှည့်ကာ မောင်းလာသည်။ နေရောင်လုံးဝ ပျောက်သွားချိန် ရှည်လျားသော စောင်းတန်းကြီးဘေးက လမ်းပေါ်ရောက်လာသည်။ ကားကိုရပ်ကာ ဖိနပ်တွေပါ ကားပေါ်မှာပဲ ထားခဲ့လိုက်ပြီးရှည်လျားလှတဲ့ စောင်းတန်းကြီးထဲကိုဝင်လာတော့ များပြားလှတဲ့ ဈေးဆိုင်တန်းလေးတွေမှာ ပုဂံအင်္ကျီလေးတွေအရောင်စုံရှိသလို သနပ်ခါးတုံးတွေ ၊ကြေးရုပ်တွေ စသည့် ယွန်းထည်ဆိုင်လေးတွေက ခရီးသွားတွေရဲ့ အာရုံကိုဆွဲဆောင်နိုင်ကြသည်။

ဘုရားဝန်းထဲကို သွားနေသော သူတွေနဲ့ ပြန်လာသော သူတြွေဖင့် ပြည့်နေသော်လည်း တိုက်မိတယ်ရယ်လို့မရှိ။လူဘယ်လောက်များများ သွားလို့ လာလို့ အဆင်ပြေစေသည်။သို့သော် ပွဲဈေးတန်းမှာ အမေပျောက်သွားမှာ စိုးသည့် ကလေးငယ်တစ်ယောက်ကဲ့သို့ စိုင်းခန့် တစ်စုံတစ်ယောက်ရဲ့ လက်အား တွဲထားချင်နေသည်။လူအရမ်းရှုပ်တာကြောင့်လား ၊ ဈေးဆိုင်တွေကိုငေးနေရင်း လူကွဲသွားမှာစိုးသည့် စိတ်ကြောင့်လားတော့မသိ။ဒီနေရာမှာ အတူတွဲလျှောက်ဖူးသလို လက်ဖဝါးပြင်မှာ လစ်ဟင်းနေသည့် ခံစားချက်ကြောင့် ဘယ်ဘက်မှာရှိနေသော နေရှိန်အား မော့ကြည့်မိသည်။

အရှေ့ကိုသာ ရှု့နေသော တည်တန့်တဲ့ သူ့မျက်နှာတခြမ်းကို ကြည့်နေရင်း ရင်ထဲမှာ မောဟိုက်လာသည်။မြင်နေရတာကို အရမ်းလွမ်းမောနေသလိုမျိုး။ အနည်းငယ်လွှဲရမ်းနေသော နေရှိန့်ညာဘက်လက်ကို ကိုင်လိုက်ချင်သည်။ ခဏလေးပဲဖြစ်ဖြစ်

"......."

"အဆင်ပြေရဲ့လား"

လှမ်းချင်နေသော လက်မဟုတ်ဘဲ တခြားတစ်ဖက်ကို ဆုပ်ကိုင်ခံလိုက်ရပြီး တိမ်စိုင်ရဲ့ စိုးရိမ်တကြီး မေးသံကို ကြားလိုက်ရသည်။အနည်းငယ် စောင်းငဲ့ကြည့်လာသော သူက မော့ကြည့်နေသော စိုင်းခန့်ထံမှ တွဲထားတဲ့ လက်ကို တချက်ကြည့်ကာ ခြေလှမ်းတို့ ပိုမြန်သွားပြီး အကွာအဝေးခြားစေ၏။ဒါက တမင်ရှောင်ထွက်ပေးနေခြင်း အမူအယာမျိုး။

သစ္စာတည်၍ အမျက်တော်ပြေ S2Waar verhalen tot leven komen. Ontdek het nu