You❤️

4.8K 229 21
                                    

Jennieတဲ့ ကျွန်မမြင်ဖူးတဲ့လူသားတွေနဲ့မတူဘူး သူ့အမူအရာတွေသူ့ပြောပုံတွေက နွေးထွေးလို့နေတယ် လူတစ်ဖက်သားကိုနွေးထွေးမှုပေးနိုင်တယ် သူ့ရုပ်လေးကကလေးတစ်ယောက်လို ပါးဖောင်းဖောင်းလေး Cat Eye လေးနဲ့ သူကတဂယ်ချစ်စရာကောင်းတယ် သို့ပေမဲ့ ခမည်းတော်စကားကိုသာ နားထဲကြားယောင်နေမိတယ် "လူသားတွေနဲ့ရောရောနှောနှောနေရင်သွေးသောက်ချင်စိတ်တွေဖြစ်လာလိမ့်မယ်" ဟုတ်တယ် အဲ့ပိစိလေးနဲ့ရောလို့မရဘူး အသိစိတ်တွေပျောက်သွားလိမ့်မယ် သို့သော် ထိုပိစိလေးနဲ့‌စကားပြောရတဲ့ခဏတာမှာ ကျွန်မရင်တွေခုန်နေမိတယ် ရှေ့လျှောက်ဘယ်လိုသွားရမလဲကျွန်မမသိတတ်တော့🖤

အစကတော့ကြောက်ရွံ့နေပေမဲ့ မျက်လုံးစိမ်းလေးကိုဖြတ်ခနဲဆိုသလိုကြည့်လိုက်မိတော့လျှက်ခနဲခုန်သွားတဲ့ရင်ခုန်သံလေးကိုတော့ကိုယ်ကလွဲရင်မည်သူမျှသိနိုင်မည်မဟုတ်💚👀

စကားတစ်ခွန်းမှမပြောဘဲငြိမ်သာနေလိုက်‌တယ် ဟို ရှပ်ပြာပြာကောင်မလေးကြောင့် ကြည့်ရ‌တာကိုယ့်ကိုကြောက်နေတယ်ထင်ပါရဲ့ ကိုယ်ကလည်းကြောက်စရာဖြစ်နေတာကို ဖြူဖတ်ဖြူရော်နဲ့ဆိုတော့ သို့သော် ရောနှောလို့မဖြစ်လှ သူနဲ့ကိုယ်နဲ့ကသိပ်ခြားနားနေတယ်မဟုတ်လား တစ်ခုတော့ဝန်ခံချင်တယ် ထိုကောင်မလေးကိုတွေ့တိုင်းကိုယ်သိပ်ရင်ခုန်တယ်😈🖤

အတန်းချိန်ပြီးလို့စကားပြောမယ်ကြံကာရှိသေးနောက်လှည့်ကြည့်တော့ မျက်ဆံနီလေးကမရှိတော့ အပြင်မြန်မြန်ထွက်ရှာတော့လည်း မတွေ့ ဘယ်လိုမှရှာမရတဲ့အဆုံးတိုက်ခန်းသာပြန်လာခဲ့ရတယ် ဒီနေ့အဖို့တော့ ကျေနပ်မှုမရှိလှ ကျောင်းစာကြောင့်မဟုတ် ထိုမျက်ဆံနီလေးကြောင့်ဖြစ်သည်🖤

××××××

Rosé~Lisa ငါတို့ဘယ်လိုရှေ့ဆက်ကြမလဲ

Lisa~ဘာကိုလဲအစ်မရဲ့ ငါနားမလည်ဘူးနင့်ဆိုလိုရင်းကို

Rosé~ဟိုလူသားမလေးနှစ်ယောက်ကိုပြောတာ

Lisa~ဟမ် အေး အဲ့ဒါဘယ်လိုလုပ်ကြမလဲ အတန်းချိန်းပြီးတော့အမြန်မျက်ခြေဖျက်ခဲ့ရတာ

Rosé~Lisa နင်ဟို ဟို ဟိုလေ

Lisa~အမ နင်တဟိုဟိုနဲ့ဘာဖြစ်နေတာလဲပြောမဲ့သာပြောစမ်းပါ

Boundaries of loveWhere stories live. Discover now