First Day (Zawgyi)

Start from the beginning
                                    

Kyungsooကအလုပ်ကိုတန်ဖိုးထားမြတ်နိုးတတ်သည်။အလုပ်နဲ့ပတ်သတ်လာရင် နည်းနည်းလေးမှကို အထိအခိုက်မခံနိုင်ပဲ စိတ်ဆတ်တတ်တဲ့သူမျိုးလည်းဖြစ်သည်။

"အင်း!! ငါရောက်နေပြီ နင့်ရဲ့ဆိုင်ကို"

ဒီတစ်ခေါက်Programအတွက် kyungsooရွေးချယ်ထားတဲ့နေရာက မြို့လည်ခေါင်မှာရှိပြီး လူသွားလူလာလည်းများတဲ့အပြင် စုံတွဲတွေကြားမှာ နာမည်ကြီးနေတဲ့ "Cloud" cafeလေးကို သူရောက်နေခြင်းဖြစ်သည်။ဖြစ်ချင်တော့ ဒီဆိုင်မှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းလည်းရှိတာမို့ သူ့အတွက်အဆင်ပြေလှသည်။

"ငါဒီမှာ kyungsoo"

"ဆိုင်ကမဖွင့်သေးဘူးပဲ ငါရောက်တာစောနေလား"

ဆိုင်ရှေ့မှာရပ်စောင့်နေတဲ့ သူငယ်ချင်းဖြစ်သူ Yooကိုတွေ့တာနဲ့ သူအားတုံ့အားနာဖြစ်နေရသည်။စောစောစီးစီး သူများကို အလုပ်ရှုပ်အောင်လုပ်နေမိပြီ!!

"ရပါတယ်!! သူဌေးကို နင်လာမယ်ဆိုတာ ငါကြိုပြောထားပြီးသား အားနာစရာမလိုဘူး! နင့်လိုနာမည်ကြီး PDတစ်ယောက်က သူ့ဆိုင်မှာ လာရိုက်မယ်ဆိုလို့တောင် သဘောတွေကျပြီး ဂုဏ်ယူနေတာ"

"အာ!! ငါအဲ့လောက်တော့ နာမည်မကြီးသေးပါဘူး ငါ့ထက်တော်တဲ့သူတွေအများကြီးရှိသေးတာပဲ"

အမြဲတမ်းနှိမ့်ချစွာပြောဆိုတတ်တဲ့ kyungsooရဲ့စကားတွေကို Yooက ကြားရလွန်းလို့ နားရည်တောင်ဝနေပြီဖြစ်သည်။

"ဟုတ်ပါပြီ ဆရာသမားရယ် ဆိုင်ထဲကိုဝင်ပါတော့"

နောက်ဆုံးတော့ Yooကkyungsooရဲ့လက်မောင်းကိုတွဲပြီး ဆိုင်တစ်ဆိုင်လုံးကို နေရာအနှံ့လိုက်ပြတော့သည်။

"ဒီနေရာလေးကို  Wish photo zoneလို့ခေါ်တယ်။ ဘာလို့ဆို ငါတို့ဆိုင်ကိုလာတဲ့ အတွဲတိုင်းကို အမှတ်တရအနေနဲ့ ဓာတ်ပုံလေးတွေရိုက်ပေးကြတယ် ပြီးရင် သူတို့ရဲ့ဆုတောင်းတွေကို ဓာတ်ပုံရဲ့ကျောဘက်မှာဆုတောင်းစာလေးတွေရေးပြီး အမှတ်တရအဖြစ် ချန်ထားခဲ့ကြတယ်"

"ဝိုး!! တကယ်ကိုကောင်းတဲ့ ideaလေးပဲ ငါတောင်သဘောကျတယ်"

လက်မတထောင်ထောင်နဲ့ ချီးကျူးနေတဲ့ kyungsooကို Yooသဘောတကျနဲ့ပြုံးပြပြီး ကျန်ရှိနေသေးတဲ့နေရာတွေကို ဆက်ပြီးတော့ရှင်းပြသည်။

7 Days love MissionWhere stories live. Discover now