"အင်းလေ ယူပေါ့ ရပါတယ်၊ အဲဒါက Managerဆီသွားပြီး ညှိရမှာပေါ့၊ သွားညှိလေ ခွင့်ရက်ပေးဖို့ ကျွန်တော်ဖုန်းဆက်လိုက်ပါ့မယ်"
"ကျေးဇူးပါ ရီပေါ်ရယ်"
ယွေ့ဖိန်လီက လှိုက်လှဲစွာပြောတော့ ရီပေါ် ဘာမှမပြောဖြစ်တော့ချေ။
"ဒါနဲ့ စကားမစပ် ကျန့်ကျန့်နဲ့ရောအဆင်ပြေသွားပြီလား"
ရီပေါ် ခေါင်းကိုခါယမ်းပြလိုက်သည်။
"စိတ်မပျက်ပါနဲ့ ဆက်ကြိုးစားပေါ့ ရီပေါ်ရယ်"
သူ့ကို ယွေ့ဖိန်လီက အားပေးစကားပြောနေသည်ကြောင့် ကျေးဇူးတင်စွာ မော့ကြည့်မိ၏။
"ဖိန်လီသွားမယ် ရီပေါ်၊ ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်ဦး၊ ရီပေါ့်ကြည့်ရတာ ပိန်လိုက်တာ"
"အဟင်း၊ ဟင်း သေသွားတော့လည်း တစ်ခါထဲကိစ္စပြတ်တာပေါ့"
သူ ခပ်ရွဲ့ရွဲ့ပြောလိုက်သည်မို့ ယွေ့ဖိန်လီက အံ့ဩသလိုကြည့်လာ၏။
"ကဲ ဖိန်လီသွားပြီ ရီပေါ်"
ရီပေါ် ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။
❤💚❤💚❤💚
ထိုနေ့ညက သူ မမူးမူးအောင်ကိုသောက်လာခဲ့၏။
"ဟဲ့...သား အရက်တွေသောက်လာတယ်၊ မသောက်တာ ဒီလောက်ကြာနေပြီကို သောက်စရာလား"
ဒေါ်ရီရှုဟန်က ဝမ်ရီပေါ်ကို ဆူဆူပူပူဖြင့် လာတွဲ၏။ ရှောင်ကျန့်ကတော့ TVကြည့်နေရာမှ တစ်ချက်မျှပင် လှမ်းမကြည့်ချေ။ ထို့ကြောင့် ဝမ်ရီပေါ် အာလေးလျှာလေး လေသံကြီးဖြင့်.....
"သူဌေးကြီးဦးရှောင်ကျန့် ကျုပ်ကို လာတွဲပါဦး၊ သူဌေးကြီး တွဲတာခံချင်လို့ပါ"
"ဟဲ့...သား"
သူ့စကားကြောင့် မားက တစ်ချက်ဟန့်ကာ၊ ဒေါ်ကြီးမိုပါ လာတွဲ၍ အိပ်ခန်းထဲရောက်ခဲ့ရသည်။ ပြီးနောက် အိပ်စက်ခြင်း ပြတင်းတံခါးဆီသို့၊ သူ အိပ်ပျော်သွားတာပဲ ကောင်းပါတယ်၊ နိုးနေလျှင် ကောင်ကလေးကို သတိရနေဦးမည် မဟုတ်ပါလား။
သူ နာကျင်ကြေကွဲခံစားရလေတော့၏။
❤💚❤💚❤💚
Part-19
Comenzar desde el principio