သူ့မျက်နှာချောချောမှာ နဖူးကကျလာသည့် သွေးစက်တို့က ဟိုတစ်စက် ဒီတစ်စက် ပေကျံနေသည်။

"ဟင် အဂ္ဂလင်းလား"

ရသလင်းက မထီမဲ့မြင်အပြုံးကို ပြုံးမပျက်ဘဲ ပါးစပ်ထဲက ပီကေကိုတောင် ဝါးနေဆဲပဲ။

"ရူးနေလို့ အဂ္ဂလင်းရမှာလား၊ အဂ္ဂလင်းက Erosမှာ ရှိနေတယ်လို့ ပြောတယ်လေ၊ ဟေ့ကောင်ပြောစမ်း၊ မင်းဘယ်သူလည်း ဘယ်သူက မင်းတို့ကို ခိုင်းတာလဲ"

"သတ်လို့ ရနေပြီလေ၊ ဆက်ရှင်ခိုင်းဦးမလို့လား၊ မင်းတို့ဘော့စ်က မသတ်ခိုင်းဘူးမလား"

အနောက်ကနေ ထောက်ပံ့သူ ကောင်းကောင်းသာ မရှိရင် ရသလင်း၏ အကြောင်းကို သူတို့ လွယ်လွယ် သိနိုင်မှာ မဟုတ်ဘူး။ ရသလင်းကတော့ သူတို့အကြောင်းကို ထုတ်ပြောဖို့ အစီအစဉ် မရှိဘူး။

"သူ့ကို မသတ်နဲ့လို့ ပြောထားတယ်နော်၊ ဒီတိုင်းပဲ ဖမ်းပြီး ခေါ်သွားရအောင်"

ရသလင်းက စိုးရိမ် ကြောင့်ကြမှုတောင် ရှိ‌မနေပါပဲ သူတို့နဲ့အတူ လိုက်ပါခဲ့သည်။ သူ့ဘယ်ဘက်ခြေထောက်က သွေးလျှောက်မှုပင် မရှိတော့ဘဲ ထုံကျင်နေသည်။

ကားပေါ်တွင်တော့ သူ့လက်ကို ကြိုးနှင့်တုပ်၍ ပါးစပ်ကို တိတ်နှင့် ကပ်ရန် လှမ်းလာသည်။

"ကြိုးမချည်နဲ့ မရုန်းဘူး၊ တိတ်နဲ့လည်းမကပ်နဲ့ မအော်ဘူး၊ ဟုတ်ပြီလား၊ ငါ့ကိုချုပ်တာ မကြိုက်ဘူးနော်၊ မဟုတ်ရင် လျှာကိုက်သေပစ်လိုက်မှာ"

ရသလင်းက ရယ်သံတစ်၀က်နဲ့ ပြောသည်။ သူတို့အတွက် ရသလင်း၏ အသက်က အရေးပါနေသည်။ နောက်ကွယ်ကလူက ရသလင်းအသက်ကို မယူဖို့ သူတို့ကိုမှာထားသည် မဟုတ်လား။

"ဟယ်လို ဆရာ၊ ခိုင်းထားတာ အဆင်ပြေပါပြီ ဆရာ၊ ကျွန်တော်တို့နဲ့အတူ လူပါလာပါပြီ"

ဘေးနားက တစ်ယောက်က ဖုန်းခေါ်၍ ပြောသည်ကို ခိုးကြည့်လိုက်ပြီး ဖုန်းနံပါတ်ကို မှတ်ထားလိုက်သည်။ ရသလင်းတို့ plan Bကို စတင်ဖို့ အချိန်ကျပြီ။

"မင်းတို့ ကားဘီးပေါက်တော့မယ်"

"ဘာ"

"လေမစစ်ခဲ့ဘူးလား၊ ကားဘီးပေါက်တော့မယ်လို့"

4. Bow To Eros (အချစ်နတ်ဘုရားထံဦးညွတ်ခြင်း)(အခ်စ္နတ္ဘုရားထံ ဦးညွတ်ခြင်း)Wo Geschichten leben. Entdecke jetzt