ယလုတစ်ပတ်စနေနေ့မှာလည်း ခန့်မင်းနောင်က ခါတိုင်းလိုပင် ရဝေချမ်း၏အိမ်ကို ရောက်သွားသည်။ ဤတစ်ကြိမ်တွင်တော့ ရဝေချမ်းက ခြံထဲတွင် စားပွဲနှင့်ခုံကိုထုတ်၍ စာလုပ်နေသည်။ ဇေယျာချမ်းက သူ၏ဘေးတွင်ထိုင်ကာ တစ်ခုခုကိုကြီးကြပ်နေပုံပေါ်သည်။

“ငါတကယ်ပြောနေတာ”

“ငါ့ကိုဆရာလာမလုပ်နဲ့လေ။ ကိုယ့်စာကိုလုပ်။ ငါတွက်တာမှန်နေသားပဲကို”

ခန့်မင်းနောင် သူတို့အနားသို့ရောက်သွားသည်အထိ သူတို့နှစ်ဦးမှာ ငြင်းခုံနေဆဲပင်။ ထို့ကြောင့် ခန့်မင်းနောင်က ဇေယျာချမ်းနှင့်မျက်နှာချင်းဆိုင်တွင် ချထားသောခုံတွင်ဝင်ထိုင်ရင်း မေးလိုက်သည်။

“ဘာတွေဖြစ်နေကြတာလဲ”

“ကျွန်တော်ပြောနေတာကို ဒီကောင်လက်မခံလို့ ကိုခန့်ရာ..။ ဒီနေရာမှာ cotကို cos/sinလို့ဖြန့်မယ့်အစား 1/tan လို့ ဖြန့်ရင်အဖြေက ချက်ချင်းထွက်မှာကို သူ့ဟာက ကွေ့ဝိုက်နေတာ”

“ငါလည်း ငါ့နည်းနဲ့ငါတွက်နေတာပဲလေ”

ရဝေချမ်းနှင့်ဇေယျာချမ်းမှာ နောက်တစ်ကြိမ်ထပ်၍ ငြင်းခုံနေကြသဖြင့် အိမ်ထဲမှဒေါ်နှင်းနုက လှမ်းအော်လေသည်။

“ဟဲ့ ကိုဇေ။ ကလေးကိုသွားမနှောင့်ယှက်စမ်းနဲ့။ သူ့ဘာသာနေပါစေ”

“ကျွန်တော်က ကိုခန့်မေးလို့ဖြေနေတာကို”

ဇေယျာချမ်းက သူ၏အမေကို မကျေမချမ်းနှင့်ပြန်ပြောလိုက်သောအခါ အိမ်ထဲမှဒေါ်နှင်းနုက အပြင်သို့ထွက်လာသည်။ ဒေါ်နှင်းနုကိုမြင်သည်နှင့် ခန့်မင်းနောင်လည်း ပြုံးပြရင်း နှုတ်ဆက်လိုက်သည်။ ယခုမှသာ ခန့်မင်းနောင်ရောက်နေသည်ကို သိသွားသော ဒေါနှင်းနုကလည်း ခန့်မင်းနောင်အား အားတုံ့အားနာဖြစ်နေလေသည်။

“သား ရောက်နေတာမသိလိုက်ဘူး။ နေဦး ကိုဇေ.. ဒီကိုလာ။ အသီးပန်းကန်တွေလာယူလှညြၽ”

“ရပါတယ် ဒေါ်လေးရယ်။ မလိုပါဘူး။ အေးအေးဆေးဆေးနေပါဗျာ”

“ဘယ်ဟုတ်မလဲကွယ်။ ခဏစောင့်။ ကိုဇေလာခဲ့”

ထိုအခါ ဇေယျာချမ်းမှာ ခန့်မင်းနောင်တို့အနားကထကာ သူ၏အမေနောက်သို့ လိုက်သွားရသည်။ ရဝေချမ်းကတော့ ဘောပင်လေးကိုင်ထားလျက်သားနှင့် ခန့်မင်းနောင်ကို ငေးကြည့်နေလေသည်။ တမေ့တမောငေးနေပုံရသော ရဝေချမ်းကြောင့် ခန့်မင်းနောင်မှာ နဝေတိမ်တောင်ဖြစ်သွားရသဖြင့် မေးခွန်းထုတ်လိုက်သည်။

Falling In Love With the Most Admired PersonWhere stories live. Discover now