First Day (Unicode)

462 43 0
                                    

ကျွန်တော့်ရဲ့ချစ်ခြင်းအစသည် missionတစ်ခုကြောင့် စတင်ခဲ့သည်။

ထိုနေ့က ကျွန်တော့်အတွက် အမှတ်တရအများကြီးတွေထဲက တစ်နေ့ဖြစ်ခဲ့ရသည်။

"Do PD ဒီတစ်ခေါက် programအသစ်ကြောင်းလေးကို သိခွင့်ရမလားရှင့်"

"နောက်တစ်လနေရင် သိရမှာပါ အဲ့ကြမှ အားပေးဖို့ တောင်းဆိုချင်ပါတယ် အခုတော့အလုပ်ရှိသေးလို့ ခွင့်ပြုပါဦး"

သတင်းထောက်ကောင်မလေးမေးလာတဲ့အကြောင်းအရာကို kyungsoo ရိုးရိုးရှင်းရှင်းလေးဖြေပြီးတော့သာ နှုတ်ဆက်လိုက်သည်။

Kyungsooရဲ့အကျင့်က သူရိုက်ကူးထားသမျှကို တရားဝင်မပြသသေးဘဲ ဘယ်အရာကိုမှ ပွင့်ပွင့်လင်းလင်းမပြောတတ်ပေ။အမြဲတမ်းလျှို့ဝှက်ကာ နောက်ဆုံးမှာမှ လူတွေကို ဟာခနဲဟင်ကနဲ အံ့သြသင့်သွားအောင်အမြဲတမ်းလုပ်တတ်သည်။

"Do PDက တော်တော်သွေးအေးတာပဲ နည်းနည်းလောက်ပြောပြလိုက်ရင် ဘာဖြစ်သွားမှာမို့လဲ!!"

"ထားလိုက်ပါ အမရယ် သူ့အကြောင်းလည်း သိရဲ့သားနဲ့"

PDလောကတွင် အသည်းမာပြီးသွေးအေးတတ်တဲ့PDကိုပြပါဆိုလျှင် Do Kyungsooဆိုတဲ့သူကိုသာ လူတိုင်းက လက်ညှိုးထိုးပြပါလိမ့်မည်။

"Kyungsoo ဒီတစ်ခေါက် programက ဘာအကြောင်းရိုက်မှာလဲ အရင်တစ်ခါက ရိုက်ကူးထားတဲ့ ကျောင်းသားတွေရဲ့ဘဝကို ဖော်ညွှန်းတဲ့ programတုန်းကလည်း အရမ်းကိုအောင်မြင်ခဲ့တာ အခုရော ဘာအစီအစဥ်ရှိလဲ!!"

"အချစ်!! "

စကားနှလုံးတည်းသာပြောပြီး ထွက်သွားတဲ့kyungsooကို သူငယ်ချင်းဖြစ်တဲ့ WuYongမှာ ဘာဆက်ပြောလို့ပြောရမှန်းမသိလောက်အောင် အံ့သြသွားရတဲ့အဖြစ်!!!

အမြဲတမ်းရုပ်တည်နေပြီး အရယ်အပြုံးမရှိတဲ့သူက အချစ်တဲ့!!! ရှေးခေတ်လူသားလို့ပြောရလောက်အောင် အလုပ်ကလွဲပြီး ဘာဆိုဘာမှမသိတဲ့သူက အချစ်ကြောင်းရိုက်မှာတဲ့လေ...WuYongမှာ အံ့သြလို့မဆုံးဖြစ်နေရရှာသည်။

ဒါပေမဲ့ Kyungsooရဲ့ တွေးခေါ်ကြံဆမှု တီထွင်ရိုက်ကူးမှုတွေက အများနဲ့မတူပဲ ဆန်းသစ်ကျော်ကြားသည်။သူရိုက်လိုက်တဲ့Programတိုင်းဟာ လူအကြိုက်များဆုံး စာရင်းဝင်တဲ့အထိကို အောင်မြင်မှုတွေရရှိထားသည်။

7 Days love MissionWo Geschichten leben. Entdecke jetzt