ရိပေါ်လဲပြောပီ ကျန့်ကျန့်ကိုချီလိုက်ကာ..

ရုတ်တရက်အချီခံတဲ့ကျန့်ကျန့်လဲ

"ကိုကြီး”

ပါးစပ်ကနေ ယောင်ထွက်လာပီ..ရိပေါ်လည်ပင်ကိုလဲ သိုင်ဖက်လိုက်သေးတယ်..

"ကိုကြီးဘာလို့ချီတာလဲ..ကျန့်ကျန့်ဘာသာလမ်းလျှောက်လို့ရနေတာဘဲ”

"ကိုကြီးက ကလေးကိုလမ်းတောင်မလျှောက်စေခြင်းလို့လေး”

"ကိုကြီးကတော့လေး..ပိုပြန်ပီ..”

ရိပေါ်လဲ ကလေးကိုချီပီ ရုံးခန်းဆီကိုဦးတည်ရင်း..

"ကလေးကရှက်နေတာလာ”

"ဒီလောက်လူအများကြီးကြည့်နေတာ..ရှက်တာပေါ့ကိုကြီးရယ့်”

ရိပေါ်လဲ ပြုံးပြကာ..

"ရှက်ရင် ကိုကြီးရင်ခွင်ထဲမှာဝင်ပုန်းလိုက်လေး”

ကျန့်ကျန့်က အဟုတ်ထင်ပီနာထောင်းနေတာ..နောက်ဆုံးစကားကြောင့်..ရိပေါ်ရင်ဘက်ကိုထုကာ..

"လူဆိုးကြီး”

ရိပေါ်နဲ့ကျန့်ကျန့်ထွက်လာပီနောက်..ယမ်းကိုကွက်ကွက်ပီကြည့်နေကြတယ်..ယမ်းလဲ ဒေါသထွက်ကာ..ထွက်သွားလိုက်တယ်

ရိပေါ်လဲ ရုံးခန်းရောက်တော့
သူ့ကလေးကိုဆေးထည့်ပေးပီ...ကျန့်ကျန့်ပြုံးလိုက်ကာ..

"ကိုကြီး”

"ပြောလေး ကလေးရယ့်”

"ကိုကြီး ကျန့်ကျန့်ကိုလိမ်ထားတာ ရှိတယ်မလာ”

ကလေးစကားကြောင့် ရိပေါ်ပြုံးနေရင်. မျက်နှာပျက်သွားခဲ့တယ်..
ကလေးဘယ်လိုလုပ်ပီသိသွားတာလဲ..

"ဟို...မ..မဟုတ်..မရှိပါပါဘူးကလေးရယ်”

ကိုကြီးစကားက...ထူးဆန်းနေတယ်..သေချာပေါက်ရှိနေတယ်..

ခဏတုန်က အားယွမ်းတို့နဲ့အတူရှိနေတဲ့အချိန်မှာ..ကျင်းရီက..မင်းကိုကြီး မင်းကိုလိမ်ဖူးလာတဲ့..

ကျန့်ကျန့်လဲ မလိမ်ဖူးဘူးလို့ပြောလိုက်တယ်..

သူ့က သေချာမေးကြည့်အုံးတဲ့...လူဆိုတာ..တခုခုတော့လိမ်ဖူးမှာဘဲတဲ့..

💚🦁ကိုကြီးရဲ့အဆိုးလေး🐰❤ 💎(completed)💎Where stories live. Discover now