♥Part. 29♥

10.1K 703 23
                                    


နေ့လယ်စာ စားပီကတည်းက ယမ်းက မျက်နှာပျက်သွားပေးမယ့် ကျနော်ကတော့ ပျော်ပါတယ်..အဆိုးလေးအခုလိုပြောရဲဆိုရဲတာကြိုက်တယ်..

အပြန်မှာ နှုတ်ဆက်ကြပီ ပြန်လာခဲ့တယ်..
အိမ်ရောက်တော့ ယွီပင်ဆီက ဖုန်းလာတာကြောင့်..

"ကလေးအရင်ဝင်သွားနော်..ကိုကြီးဖုန်းခဏပြောမလို့”

"ဟုတ်”

ပျော်ပျော်ရွှင်ရွှင်နဲ့အိမ်ထဲ ဝင်သွားတဲ့ကလေးကိုကြည့်ပီပြုံးလိုက်ကာ ဖုန်းကိုင်လိုက်တယ်..

"ဘာလဲ ယွီပင်”

"Boss. .မနက်ဖြန် meetingရှိတယ်”

"ဘယ်အချိန်လဲ”

"နံနက် ၈နာရီ”

"အင်းရတယ်..ပြောစရာရှိသေးလာ”

"ဟအင်း ”

"အာ့ဆိုဖုန်းချတော့မယ်”

"ဟုတ် boss”

"အော်...ဒါနဲ့လေး ဒီနေ့ မင်းနေ့လယ်စာအတူလာမစားတာ စိတ်တောင်မကောင်းဘူး ”

"ဗျာ”

ရိပေါ်စကားကြောင့် ယွီပင် လန့်သွားတော့သည်..

"မင်း ဘေဘီလဲပါနေလို့လေး”

"Boss”

ရိပေါ်လဲဖုန်းအမြန်ချလိုက်သည်..

အခန်းထဲဝင်လာတော့..အိပ်ယာပေါ် အိပ်ပီ ဖုန်းကြည့်နေတဲ့ကလေးကြောင့် ရိပေါ်ပြုံးလိုက်ပီ ကလေးအနားကိုလျှောက်လာလိုက်တယ်..

"ကလေး ဘာလို့ဖုန်းကိုဒီလောက်ကြည့်နေတာလဲ”

"ကျင်းယီတို့နဲ့စာပို့နေတာ”

ရိပေါ်လဲကလေးဘေးမှာဝင်ထိုင်လိုက်ပီ..

"ကိုကြီး”

"ပြောလေးကလေး”

"ဟိုလေး”

ကလေးပုံစံကမပြောရဲ့တာလာ..အိပ်နေရင်း နှုတ်ခမ်းလေးကိုကိုက်နေလိုက်တာ..နေ့ခင်းကြီးမှာလူကိုလာဆွဲဆောင်နေတာလာ

"ပြောစရာရှိတာပြောလေး ကလေးရဲ့ ဘာလို့ နှုတ်ခမ်းကိုကိုက်နေတာလဲ..နှုတ်ခမ်းတွေ နာကုန်တော့မှာဘဲ”

💚🦁ကိုကြီးရဲ့အဆိုးလေး🐰❤ 💎(completed)💎Where stories live. Discover now