မျက်ရည်စွန်းတဲ့ အနီရောင်နန်းတော်_အပိုင်း (၁)

1.1K 53 4
                                    

(Raw_ unedited)


ထုံးစံအတိုင်းပေါ့။ ဒီနေ့လဲ Li Cheng Yin နဲ့ အခုလေးတင်ပဲ တစ်ပွဲ ထသတ်ပြီးပါပြီ။ ကျက်သရေတစ်စက်မှ မရှိတဲ့ အဲဒီသတ္တဝါဟာ ရန်ဖြစ်ပြီးတိုင်းမှာ သူမကို အမြဲကို ဉပက္ခာပြုတတ်ပါတယ်။ ဒါတင်ပဲလားဆို _ သူမအနားမှာ ရှိတဲ့ ရံရွေတော်တွေအားလုံးကိုလည်း သူမနဲ့ စကားလုံး၀မပြောဖို့ အမိန့်ပါထုတ်တတ်သေးတာ။ ယောက်ျားတန်မဲ့ စိတ်ဓါတ်ကိုက ...


စကားပြောစရာလူလဲမရှိ၊ လုပ်စရာ အလုပ်လဲမရှိမှတော့ အခုလိုမျိုး နန်းတော်အပြင်ဘက်ကို မကြာခဏ ခိုးထွက်ဖြစ်သွားတာ သူမအပြစ်လားလို့ စဉ်းစားကြည့်လေ။ သူမ ဘယ်သွားသွား A'Du ကတော့ အမြဲအနောက်ကနေ တစ်ကောက်ကောက်လိုက်ပေးရှာပါတယ်။ ဘယ်နေရာ သွားသွား၊ ခါချလို့ကို မရအောင် အနောက်ကနေ အရိပ်လို တကောက်ကောက်လိုက်နေတတ်သူပါ။ အခုလိုမျိုး တန်းလန်းတန်းလန်းပါ နေတတ်လို့ A'Du ကို သူမ ကြည့်မရဖြစ်နေတာမျိုး မရှိပါဘူး။ ဇွဲကြီးတဲ့ အာ့စိတ်က လွဲရင် A'Du က ကျန်တဲ့အပိုင်းအားလုံးမှာ တော်တဲ့အမျိုးသမီးတစ်ယောက်ပါ။ သိုင်းလဲ တော်တော်ကျွမ်းတာမို့ သူမလိုမကြာခဏ နန်းတော်ပြင်ပက လူဆိုးလူမိုက်တွေနဲ့ ကြုံနေရသူအတွက် တော်တော်လေး အားကိုးရတဲ့ အမျိုးသမီး ကိုယ်ရံတော်တစ်ယောက်ပါ။


ဒီနေ့တော့ မြို့ထဲက နာမည်အကြီးဆုံး လက်ဖက်ရည်ဆိုင်ကို ရောက်သွားလေရဲ့။ ဒီဆိုင်မှာ ဖျော်ဖြေလေ့ရှိတဲ့ ပုံပြောဆရာက နာမည်ကြီဂ ပညာရှင်တစ်ဦးဖြစ်တာမိဒီနေ့လည်း သူမတို့ရောက်တော့လအဲဒီပုံပြောဆရာရဲ့ အနားတစ်ဝိုက် လက်ဖက်ရည်ဝိုင်းတွေအားလုံး လူအပြည့်ဖြစ်နေပါပြီ။


သူမတို့နှစ်ဦးသား နေရာလွတ်တစ်ခုကို မရမကရှာဖွေပြီး ဝင်ထိုင်လိုက်တဲ့အခါမှာ ပုံပြောဆရာက မိုင်သောင်းချီတဲ့ ရန်သူတွေကို ဓါးတစ်လက်တည်းနဲ့ အပြီးရှင်းနိုင်တဲ့ သက်တော်ရှည် ဓါးသမားတစ်ယောက်အကြောင်းကို ပီပီပြင်ပြင်၊ အသံနေအသံထား အပြည့်အစုံနဲ့ကိုစပြောနေပါပြီ။

Goodbye My Princess | Eastern Palace Myanmar TranslationNơi câu chuyện tồn tại. Hãy khám phá bây giờ