"ဟင်၊ မားကလည်း နိမိတ်မရှိတာတွေ ပြောနေပြန်ပြီ"
ကောင်ကလေးက မားကို ပျာပျာသလဲဝင်ပြောတော့၊ မားနှင့် ဒီကောင်ကလေးချစ်ခင်လေ သူ ကြည်နူးရလေဖြစ်ရသည်။
"ကဲ ပြောပါ သားလေးရဲ့"
ကောင်ကလေးက မျက်လွှာလေးချကာ.....
"သား အခုချက်ချင်းတော့ အဖြေမပေးနိုင်တာ ခွင့်လွှတ်ပါမားရယ်၊ မားသိတဲ့အတိုင်းပဲ ပြဿနာတွေနဲ့မလား၊ အဲဒီပြဿနာတွေကို ဖြေရှင်းပြီးမှ အိမ်ထောင်ရေးကို အေးအေးဆေးဆေး စဉ်းစားပါရစေ"
ရှောင်ကျန့်က အလိမ္မာလေးနှင့်ပြန်ဖြေ၍ ရီပေါ် ရင်မောသွားရပြန်သည်။
"အေးလေ၊ အိမ်ထောင်ရေးဆိုတော့လည်း သားလေးသဘောပေါ့၊ မားကတော့ အတင်းကြီးမတိုက်တွန်းချင်ပါဘူး၊ ဒါပေမဲ့ မားသားကတော့ သားလေးအမြင်ပဲ သူ့အတွက် မား အစစအရာရာအာမခံပါတယ်"
"ဟုတ်ပါတယ် မားရယ်၊ သားရဲ့ ပြဿနာတွေကို အရင်ရှင်းပါရစေ၊ ပြီးတာနဲ့ သားအဖြေပေးပါ့မယ်"
ရှောင်ကျန့်၏ စကားကြောင့် ဒေါ်ရီရှုဟန် ထိုကိစ္စကို စကားမဆက်တော့ဘဲ တခြားအကြောင်းအရာတွေကိုသာ ပြောင်းပြောလေတော့သည်။ ရီပေါ် နားလည်ရခက်သော ရှောင်ကျန့်ကို ငေးကြည့်ရင်း ရင်မောရ၏။ ခဏအကြာ ဒေါ်ရီရှုဟန်က အိပ်ချင်သည်ဟုအကြောင်းပြ၍ အခန်းထဲဝင်သွားတော့သည်။ ရီပေါ်နှင့် ရှောင်ကျန့်သာ ဧည့်ခန်းထဲတွင် တိတ်တိတ်ဆိတ်ဆိတ်ကျန်ရစ်ခဲ့၏။
"ကလေး"
"....."
"ကလေး"
"....."
"ဟောဗျာ ခေါ်တာလည်းမထူးပါလား"
"ခင်ဗျား မားကို ဘာတွေသွားပြောထားလဲ၊ ခင်ဗျားပြောလို့ မားက ကျွန်တော့်ကို..."
"ဟာ...ကလေး ကိုယ့်ကိုအထင်မလွဲပါနဲ့၊ ကိုယ် မားကို ဘာမှမပြောထားဘူး"
ရီပေါ် ရှောင်ကျန့်၏ စကားမဆုံးခင်မှာပင် ပျာပျာသလဲဖြေရှင်းချက် ပေးလိုက်သည်။ ရှောင်ကျန့်က ရီပေါ့်ကို ဘာမှထပ်မပြောပေမယ့် မျက်နှာလေးက စူပုပ်နေ၏။
![](https://img.wattpad.com/cover/242300719-288-k825652.jpg)
Part-17
Mulai dari awal