***

လူသတ်သမားရဲ့ လက်ထဲ မရှု့မလှ ခံ​နေရတဲ့ အ​ဖေကို ကြည့်ရင်း ဘာလုပ်ရမည်မသိ။အ​ဖေက ထွက်​​ပြေး ​စေချင်တာ​ကြောင့် ၊​ဆောင်းစက်နဲ့ နှင်းစက်တို့ ​မောင်နှမနှစ်​ယောက် ​နောက်လှည့်မကြည့်ဘဲ ​ပြေးရ​လေသည်။

အ​ဖေ့အတွက် ၀မ်းနည်းသလို၊ က​လေး​တွေပီပီ လူသတ်သမားက သူတို့ကိုမိသွားမှာလည်း​ကြောက်ရပါသည်။ ​​

ဆွေမျိုးအသိုင်းအ၀ိုင်းမရှိတဲ့ သူတို့အတွက် ၊သူတို့အ​ဖေ မရှိရင် ခို၀င်​ပြေးစရာ ရိပ်မြုံလည်းမရှိတာမို့ ၊ အခုအချိန် ​ဆောင်းစက်ရဲ့ အားကိုးရာက နှင်းစက် ၊ နှင်းစက်ရဲ့အားကိုးရာက လင်းထက်၊ နှင့် သူငယ်ချင်းကြီး ဝင်းလွင်သာ ရှိပါသည်။

"ကိုလင်း... ၊ကိုလင်း.."

နှင်းစက်က ​ဆောင်းစက်လက်ကိုဆွဲကာ လင်းထက်ဆီသို့ အားကိုးတကြီး ​ပြေးလာခဲ့သည်။

သမင်မျက်၀န်းညိုညို နဲ့ သမင်ညိုမ​လေးက မျက်၀န်းမှာလည်း အရည်ကြည်ပိုးဥတို့ တွဲခိုလို့ ​ခြေဖဝါးနုနုမှာလည်း ဖိနပ်ရယ်မပါ။ နှုတ်ခမ်းတို့ကလည်း တုန်တုန် ယင်ယင် နှင့် လင်းထက်နာမည်ကို တသသ​ခေါ်​နေပုံမှာ လင်းထက်ရဲ့ ရင်ထဲကို ဆို့နစ်သွား​စေသည်။

"ဘာ...ဘာဖြစ်လာလို့လဲ နှင်းစက် "

လင်းထက်က အထိတ်တလန့်နဲ့ နှင်းစက်ကို​မေး​နေတုန်း ယိုင်လဲသွားတဲ့ ​ဆောင်းစက်​လေးကို ​ဖမ်းပွေ့ရပါ​သေးသည်။

"အ အ အ​ဖေ့ကို လူ လူတစ်​ယောက်သတ်​နေလို့ "

"ဟင် ဘယ်မှာလဲ "

"အိမ်မှာ ..."

နှင်းစက်တို့အိမ်က လင်းထက်တို့နဲ့ တစ်လမ်း​ကျော်သာကွာတာမို့ သူ့ဆီသာအရင်ဦးဆုံး​ပြေးလာမိသည်။ အခုမှသတိရတာက ရဲကိုအ​ကြောင်းကြားဖို့ ။

"လုပ် လုပ်ပါဦး ရဲ...ရဲကိုအ​ကြောင်းကြား​ပေး အ​ဖေ့ကို ကယ်ပါဦး "

နှင်းစက်ရဲ့ စကားကိုကြား​တော့ လင်းထက် ဘာလုပ်ရမယ်မှန်းမသိ၊ ရပ်ကွက် လူကြီး​တွေသာ အ​ကြောင်းကြား​ပေး​ရ​တော့သည်။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now