အခန်း - ၁၀၀ ( ရှီးနန်ဝမ်အတုလား၊ အစစ်လား)

Start from the beginning
                                    

အထူးသဖြင့် ငယ်ထိပ်တည့်တည့် တက်ပြောင်နေတဲ့ကောင်တွေက အဆိုးဆုံးပဲ။

မှတ်လောက်သားလောက်အောင်ကို တစ်ပွဲတစ်လမ်းလောက် ဆော်ပလော်တီးပစ်ရမယ်။

ချူယွမ်က သူ့အား ပြုံးစစအကြည့်များဖြင့် ကြည့်လာ၏။

ယဲ့ကျင် တွေဝေသွားသည်။

"ခင်ဗျား ဘာပြုံးတာလဲ"

ခဏကြာတော့ ချက်ချင်းပင် ဒေါသထောင်းခနဲ ထပ်ထသွားသည်။

"ပြောချင်တာက ခင်ဗျားကို နှိပ်စက်နေတဲ့လူက ကျွန်တော်ပေါ့၊ ဟုတ်လား"

"ဟင်၊ ကိုယ်တော် ဘာမှမပြောရသေးပါဘူး"

ချူယွမ်က ယဲ့ကျင်ပခုံးကို ပုတ်ကာ ပြန်ထိုင်စေလိုက်၏။

"ညီငယ်လေးက အစ်ကိုဖြစ်တဲ့လူကို နှိပ်စက်တယ်ဆိုတာ သဘာဝပဲလေ"

ယဲ့ကျင်မှာ ချူယွမ်ထံမှ အကြည့်လွှဲလိုက်ကာ အပြင်ဘက်ရှိ မိုးကောင်းကင်ထက်သို့သာ လှည့်ကြည့်နေ၏။

"ကိုယ်တော် မင်းကို ကူညီစေချင်တဲ့ကိစ္စတစ်ခုရှိတယ်"

ချူယွမ်က ထိုသို့တောင်းဆိုလာတော့ ယဲ့ကျင်က ဟွန့်ခနဲ နှာမှုတ်လိုက်သည်၊ ပြီးခါမှ -

"ပြော၊ သွမ့်ပိုင်ယွဲ့ကို သင်းကွပ်ဖို့ကိစ္စလား"

အဲ့ကိစ္စဆိုရင်တော့ ပြဿနာမရှိဘူး။ ဒီညမှာတင် တိခနဲ ဖြတ်ထုတ်ပေးလိုက်မယ်။

ရှီးနန်ဝမ် - "......"

ဘယ်တော့များမှ အဲ့အတွေးမျိုးတွေးတာကို ရပ်လိုက်မှာလဲကွာ။

"ကိုယ်တော့်ကို ပစ္စည်းတစ်ခု ရှာပေးပါ"

"ဘာလိုချင်လို့လဲ"

"ဟွားဒင်းယင် *"

ယဲ့ကျင် မျက်နှာပျက်သွားသည်။

"အဲ့အဆိပ်ပြင်းမြွေကြီးလား။ ဝူပူရှဲ့​ * ထက်တောင် အဆိပ်ပြင်းတာနော်။ လျှောက်ဆော့လို့ကောင်းတဲ့ဟာကြီး မဟုတ်ဘူး။ ခင်ဗျား ဘာလုပ်ဖို့ လိုချင်တာတုန်း"

(* နှစ်ခုလုံးက မြွေမျိုးစိတ်တွေလို့ ပြောပါတယ်)

"​ေဩာ်၊ သူများအတွက် မှာပေးတာ"

ဧကရာဇ်ဗျူဟာWhere stories live. Discover now