"အတန်းဖော် ... အတန်းဖော် အဆင်ပြေရဲ့လား"
ထိုစဉ် သူ့ပခုံးကိုလှူပ်ကာကိုင်လိုက်သည့် လက်တဖက်ကြောင့် အတွေးကမ္ဘာထဲနစ်မြောနေသည်များ ပျောက်ကွယ်သွားကာ ကိုယ့်အတွေးနှင့်ကိုယ် မလုံမလဲဖြစ်သွားပီး မျက်နှာတွေပင် ပူထူလာရသည်။
"ဘာ.. ဘာမှမဖြစ်ပါဘူး သွားရအောင်လေ"
သေစမ်း ဟွားချန်ယွီ ယောကျ်ားလေးတစ်ယောက်ရဲ့အလှကို မင်းဘယ်တုန်းကများ ဖွဲ့နွဲ့သွားတတ်ရတာလဲကွာ ..
"အဖျားတော့ ရှိတယ် ဘာမှစိုးရိမ်စရာမလိုပါဘူး ဆရာဆေးတစ်လုံးပေးလိုက်မယ် ပီးရင်ကောင်းကောင်းအနားယူလိုက်"
"ဟုတ်ကဲ့ ဆရာ"
ဆေးထိုးနေတုန်း ထိုသူဆီကြည့်မိတော့ ခေါင်းကိုတဖက်စောင်းလှည့်ထားသည်ကိုတွေ့လိုက်ရ၏။ဖြစ်ရလေ ...ယောကျာ်းလေးအချင်းချင်းပဲကို သူကဘာတွေရှက်နေရတာတုန်း...
"ကျောင်းသားလေး နောက်ဆို နွေးနွေးထွေးထွေးဝတ်လာနော် မင်းကြည့်စမ်း သူများတွေ အင်္ကျီနှစ်ထပ်သုံးထပ် ဝတ်လာနေကြတဲ့အချိန်မှာ မင်းက အပါးလေးတထည်တည်းနဲ့"
"ဟီး ဟုတ်"
ညလုံးပေါက် ဂိမ်းဆော့ပီး မအိပ်ရသည့်ညများ များလာ၍ ကိုယ်ခံအားနည်းကာ အအေးမိသွားသည်ကိုတော့ သူထည့်မပြောဖြစ်။မဟုတ်ရင် အတန်းပိုင်ဆရာမှ တဆင့် အိမ်ကမိဘတွေသိသွားပါမှ အဆော်ခံနေရပါဦးမည်လေ။
"ကဲ ဒါဆို တရေးလောက်ဖြစ်ဖြစ်အိပ်ပီး အနားယူလိုက်ဦး ဟိုကျောင်းသားလေး သူတခုခုလိုတာရှိရင် ဆရာ့ကိုအခန်းမှာလာခေါ်လှည့်"
"သိပါပီ ဆရာ"
သူကုတင်ပေါ်မှာ လှဲအိပ်ရန်ပြင်ပီးကာမှ သတိရသွားပီးမေးလိုက်သည်
"အတန်းခေါင်းဆောင် ... မင်းဘယ်အချိန်တုန်းက ငါ့ဘေးမှာထိုင်တာလဲ"
"......"
"အာ ဒါနဲ့ မင်းနာမည်က ဝူ.. ဝူ ဘာဖြစ်တယ်?"
Chapter 1
Start from the beginning