"ဟတ်ချိူး !!! "
မျက်နှာကို အုပ်ထားသော Text book ကိုခွာလိုက်ရင်း ဘေးဘီကို ဝေ့ကာကြည့်လိုက်တော့ တစ်ခန်းလုံး၏အကြည့်များက သူ့ဆီမှာ
ထိုအကြည့်များကလဲ သူကပဲ ရောဂါပိုးသယ်လာသည့် သူလိုလို
English ဆရာကတော့ လက်မှ ဖတ်စာအုပ်ကိုချကာ ခေါင်းခါရမ်းလိုက်သည်။သူတို့ ကြည့်လဲကြည့်ချင်စရာပေ အတန်းထဲစထိုင်လိုက်ကတည်းက နှာချေနေသည်မှာ ခုထိမရပ်နိူင်၊ နှာရည်သုတ်ရလွန်း၍ နှာခေါင်းထိပ်များပင်နာကာ ခေါင်းလဲကိုက်လာချေပီ။"အတန်းခေါင်းဆောင် ချန်ယွီ ကို ဆေးပေးခန်းလိုက်ပို့ပေးလိုက်"
"ဆရာ ရတယ် ကျွန်တော်ဘာမှမဖြစ်ဘူး"
ဆရာက သူ့စကားသံကို လျစ်လျူရှူလိုက်ကာ ဘေးမှ အတန်းခေါင်းဆောင်ကိုသာ မေးဆတ်ပြလိုက်သည်။အန် ... နေပါဦး အတန်းခေါင်းဆောင်က သူ့ဘေးကိုဘယ်လိုရောက်လာတာလဲ ??
ကျဆင်းနေသော နှာရည်များကို tissue ဖြင့်အမြန်ဖမ်းထိန်းလိုက်ပီး အတွေးစကို ဖြတ်လိုက်သည်။
ထိုစဉ် သူ့လက်မောင်းကို ထိလိုက်သော လက်တစုံကြောင့် အစောပိုင်းလေးကတင် တကိုယ်လုံးချမ်းစိမ့်နေသော သူ့ကိုယ်မှာ နွေးထွေးသလိုခံစားသွားလိုက်ရသည်။
သတိပြုမိလိုက်စဉ်မှာတော့ သူတို့နှစ်ယောက်လုံးအတန်းအပြင်သို့ပင် ရောက်နေချေပီ သို့တိုင်အောင် ထိုလက်တစ်စုံက သူလက်မောင်းတွေကို ဆုပ်ကိုင်ထားလျှက်ရှိနေတုန်း..."နေ ..နေပါဦး ငါ့ကိုတွဲထားစရာမလိုပါဘူး အာ့လောက်ထိအခြေအနေမဆိုးသေးပါဘူးကွာ"
သူ့စကားကြောင့် ထိုသူမှာ အနေရခက်သွားဟန်ရကာ ဖမ်းဆုပ်ထားသောလက်တို့ကို အလျင်အမြန်ရုတ်လိုက်ပီးနောက် လက်တစ်ဖက်ဖြင့် မျက်မှန်အားပင့်တင်လိုက်သည်။
သေစမ်း... အတန်းခေါင်းဆောင်က ဒီလောက်တောင်ချောတာလား.. ငါဘာလို့သတိမထားမိခဲ့ပါလိမ့်။မဲနက်နေတဲ့ မျက်ခုံးထူထူတွေ အကြည့်တချက်နဲ့တင် ခန္ဓာကိုယ်တခုလုံးကို ထိုးဖောက်နိူင်လောက်တဲ့ မျက်ဝန်းစူးစူးတွေရဲ့အလှကို ခပ်စိတ်စိတ်မျက်တောင်လေးတွေက ပိုလှအောင် ပံ့ပိုးနေသယောင်... ဖြောင့်စင်းနေတဲ့ နှာတံအောက်မှာ အရောင်မဆိုးထားတာတောင်မှ အနီရောင်သမ်းနေတဲ့ ပိရိတဲ့ နှူတ်ခမ်းလေးတစုံ အရာအားလုံးက ပန်းပုထုထားသလိုသေသပ်လှပလွန်းလှတာမို့ သူမျက်တောင်မခတ်တမ်း ငေးစိုက်ကြည့်မိနေသည်။