chapter 5 (Zawgyi version +Uicode Version)

Start from the beginning
                                        

"ဟုတ်တယ်နော်.............."

"သက်မဲ့ အမွေတွေပေါ့ကွာ
လူတော်တော်များများက ပုဂံက ဘုရားတွေလောက်ကိုပဲ အစိုင်အခဲ ထုနဲ့ထည်နဲ့မြင်ရလို့
ဂုဏ်ယူဝင့်ကြွားပေမယ့် သက်မဲ့ အမွေအနှစ်တွေဖြစ်တဲ့ ဒီသီချင်းတွေ
ယဉ်ကျေးမှုအလေ့အထတွေကိုတော့ သိသိသာသာဖယ်ထုပ်ကြလာတယ်လေ
အပျိုတော်နတ်ချင်းထက် သားစိုးရဲ့ကိုကြိးကျော်.......
အလှူက ဗျောသံထက် DJ ဖွင့်နေကြတာ ပိုသဘောတွေ့လာကြတော့........."

"ကိုခန့်နဲ့ စကားပြောရတာ ပျော်ဖို့ကောင်းသား........."

"ဒီနေ့မှ စတာကို နောက်နေ့တွေကျပျင်းတယ် လုပ်မနေနဲ့ဦး"

"ဪ....ကိုခန့် ကျနော်မေးမလို့
ကိုခန့်ပြောနေတဲ့ မဟာဂီတတွေကလေ ဘယ်လိုပြောရမလဲမသိဘူး
ခုခေတ်သီချင်းတွေဆိုဗျာ အချစ်အကြောင်းပေါ့ အဲ့သီချင်းတွေကရော.........."

"သီချင်းအများစုကတော့ ထီးနန်းပတ်ဝန်းကျင်အကြောင်း
ဘုရင်တွေရဲ့ ဘုန်းတော်ဘွဲ့ မြို့ရဲ့အလှအပကိုဖွဲ့ဆိုတဲ့ မြိုဘွဲ့တွေ
တောတောင် အလှအပကို သီကုံးတဲ့ တောဘွဲ့တောင်ဘွဲ့ အလွမ်းဘွဲ့တွေ
ဗုဒ္ဓစာပေကနေလာတဲ့ အကြောင်းအရာတွေကိုရော ပြဇာတ်တွေ ဇာတ်တော်ကြီးတွေ
အတွက်ရေးသားထားတဲ့ သီချင်းတွေ.........အချစ်မေတ္တာနဲ့ပတ်သတ်ရင်တော့
အကို ဟိုတစ်နေ့ကပြောပြသေးတယ်လေ
လှိုင်ထိပ်ခေါင်တင်ရဲ့ ဘောလယ်တွေပေါ့.........."

"ကျနော် နဲနဲတော့ စိတ်ဝင်စားလာပြီ"

"အကို သိပါတယ် မင်းကတော့ သူများသဘောနဲ့အလုပ်တစ်ခုထလုပ်မယ်မထင်ဘူး"
ခေါင်းလေးကို ဖွဖွလေးပုတ်လိုက်ကာ..........

"အင်း.........."
ညနေလောက်ကအထိ စွဲမက်စရာကောင်းသည်ဆိုကာ
ထိတွေ့ချင်နေမိသော လက်ချောင်တွေက သူ့ခေါင်းပေါ်ကိုကိရောက်လာလေတော့
လှိုင်းလုံးတွေကမှ တစ်ခုနဲ့တစ်ခုကြား အချိန်ကွာဟချက်ရှိနေသေးသည်
သူ့ရဲ့ ကိုယ်ခန္ဓာကထွက်ကျလာတဲ့ ကျနော့်အတွက်ဖြစ်သော
သာယာမှုက အလင်းရဲ့အမြန်နှုန်းထက်တောင်
မြန်နိုင်ချေတွေရှိနေသေးသည့်အတွက်...............

"အိပ်ချင် သွားအိပ်လေ မနက်ဖြန်ကျမှဆက်တာပေါ့........"

"အိပ်တာကတော့ မအိပ်ချင်သေးပါဘူး
ကိုခန့် အနှောက်အယှက်နေမှာ အားနာနေတာ..................."

ချစ်ခြင်းများဖြင့် မုန်းပါရစေ.........       Where stories live. Discover now