chapter 5 (Zawgyi version +Uicode Version)

16 1 0
                                        

Zawgyi version

"ကိုခန့် ကျနော်ဝင်လာလို့ရလား"

"ရတယ်....မင်းမလာရင်တောင် ငါက လာခေါ်တော့မလို့"

"ဟုတ်လား ကိုခန့် ဘာပြောစရာရှိလို့လဲ"

"မဟာဂီတာရဲ့ အခြေခံ အကြောင်းအရာအချို့ရယ်
မင်းကို လိုက်နာစေချင်တာလေးတွေရယ်ပေါ့........................"

"ဟုတ်ကဲ့"

"မင်းစိတ်ပါရဲ့လား......နားမထောင်ချင်သေးရင်လည်း သွားနားလေ"

"ကိုခန့်ကရော"

"မင်းနဲ့မဆိုင်ဘူးထင်တယ် မင်းထွက်သွားရင် log ချထားခဲ့"

"ကျနော် မသွားသေးပါဘူး"

"အေး....သေချာနားထောင်နော်.........
အခု မင်းဆို့ရမယ့်သီချင်းက ပတ်ပျိုးသီချင်းပေါ့.....မဟာဂီတမှာ...
သီချင်းခံ..ပတ်ပျိုး...ကြိုး...ယိုဒယား..ဘွဲ့..ဒါကတော့ အများဆုံးရှိတဲ့သီချင်းအမျိုးအစား
အဲ့ဒါတွေအပြင် ရတု..ရကန်..တေးထပ်..အလကာင်္..တလိုင်းသံ...ကရင်ဩသံ
လောကနတ်သံ ဆိုပြီး အမျိုးအစားကွဲတွေရှိသေးတာပေါ့..........................."

"အများကြီးပဲလား"

"မင်းတို့တွေက pop rock r&b jazz country အာ့တာတွေလောက်ပဲစိတ်ဝင်စား
ကြတာကိုးကွ ကိုယ်ပိုင်ပစ္စည်းကိုမေ့ပြီးသူများပစ္စည်းတွေကို
အသုံးချချင်နေကြတဲ့ ပေါချောကောင်းလိုက်နေကြတာကို.........."

"ကိုခန့်ကလည်း အဲ့လိုတော့မပြောနဲ့လေ
တစ်ကမ္ဘာလုံး နားထောင်နေကြတာကို.........အဲ့လိုတစ်ဖက်စောင်းနင်းတော့မပြောနဲ့"

"အကိုက တစ်ဖက်စောင်းနင်းပြောတာမဟုတ်ပါဘူး
မြန်မာတစ်ယောက်က မြန်မာ့ဂီတတွေကိုကျ လေးလုံးမကွဲဘဲနဲ့ နိုင်ငံခြားသီချင်းတွေကြ
အော်ဆိုနေတာတော့ သိပ်သဘာဝမကျဘူးထင်တယ်လေ..............
တစ်လေကဆို အဆိုပြိုင်ပွဲက ကောင်မလေးတစ်ယောက်ကဆို
သူကမြန်မာသီချင်းတွေမဆိုတတ်ဘူးဆိုတာ ဂုဏ်ယူဝင့်ကြွားနေသေးတာ.........."

"ကိုခန့်ကလည်း သူတို့တွေလည်း မြန်မာသီချင်းတော့
ဆိုနေကြတာမလား ဒီနှစ် myanmar idol မှာဆိုမြန်မာသံသီချင်းတွေပြိုင်ကြသေး..."

ချစ်ခြင်းများဖြင့် မုန်းပါရစေ.........       Where stories live. Discover now