"အကိုကတော့ အဲ့တာတွေကို မြန်မာ့ကာလပေါ်တေးလိုပဲသတ်မှတ်တယ်
စတူရီယို မိုနိုဟန်တွေနှောနေတဲ့ မြန်မာသံတွေပေါ့
မြန်မာသံစစ်တွေအဖြစ်နဲ့ ရပ်တည်နဲ့ သီချင်းကြီးတွေကိုကျ အနာကြီးရောဂါသည်တွေလို
ကြောက်လန့်တုန်လှုပ်နေကြတာလေကွာ................"
"ပြောသာပြောနေရတာ ကျနော်လည်း တစ်ခါမှမကြားဘူးသေးဘူး......"
"မဲဇာတောင်ခြေရတုတော့ သင်ဖူးမှာပေါ့ အိုင်ချင်း အဲချင်း လကာင်္တွေ"
"အင်း....အဲ့ဒါတွေတော့သိတာပေါ့"
"အဲ့တာတွေက မြန်မာ့ဂီတတွေဘဲလေကွာ
မင်းတို့တွေ နီးရက်နဲ့ဝေးနေကြတာလေ.............."
"ဝေးမှာပေါ့ ကိုခန့်ရ အဲ့သီချင်းဆွဲဆွဲငင်ငင်တွေက ဘုရားပွဲတွေ အလှူပွဲတွေမှာဘဲ
ဆိုလို့ရတာမဟုတ်လား....party တွေ dinner တွေမှာ
သွားဆိုလို့တော့ ဘယ်ရမလဲ................................."
"အကိုကလည်းမဆိုခိုင်းပါဘူး
Adele သီချင်းတွေကိုတစ်ခါတစ်ကျ လွမ်းချင်းတွေ အလွမ်းဘွဲ့တွေထက်နားထောင်တယ်
ပိုပြီး ဆွေးလို့ကောင်းတာကို.............ဒါပေမယ့် တန်ဖိုးချင်းတော့မတူဘူးလေ
မင်းဆို နိုင်ငံရပ်ခြား လူမျိုးခြားတွေထဲရောက်နေတဲ့အခါ
မင်းနိုင်ငံရဲ့ ဂီတတေးသီချင်းတွေအကြောင်းမေးလာရင် အနိမ့်ဆုံးတော့
တွံတေးသိန်းတန်ရဲ့ အသီးတစ်ရာအညှာလောက်တော့ ဆိုပြမှ
အဆင်ပြေမှာပေါ့.......ဟုတ်လာ................???????????????????????"
"ကိုခန့် ပြောတာ သဘာဝတော့ကျပါတယ်"
"အကိုလည်း Adele.. Sam Smith..Shakira...သူတို့တွေ
အရမ်းသဘောကျတာ adele ရဲ့သီချင်းတွေဆို အကုန်လုံးနီးပါး အလွတ်ရတယ်
ဒါပေမယ့်လည်း မဟာဂီတာတွေကိုတော့မေ့မထားဘူး
လမ်းဘေးမှာတောင်းစားနေဆာချင်းတူရင်တောင် သန်သန်စွမ်းစွမ်းတွေထက်
အားနည်းတဲ့ ကလေးတွေ မိန်းမသားတွေ အဖိုးအဖွားတွေကို
ဦးစားပေးကြသလိုပဲပေါ့
တစ်ကမ္ဘာလုံးသိနေတဲ့ အားကောင်းနေတဲ့ ဂီတတွေ သီချင်းတွေထက်
မြန်မာမှာပဲရှိနေတဲ့ ချည့်နဲ့အားနည်းနေတဲ့ မဟာဂီတတွေကို မထိန်းသိမ်းနေသည့်တိုင်
ချစ်တတ်စေချင်တာ.......................
မင်းကိုလည်း ဝတ်ကျေ တမ်းကျေ ဆိုတာထက်ကို
တကယ်ဆန်ဖိုးထားပြီးတော့ နားထောင် ခံစား သီဆိုစေချင်ရုံပါကွာ........... "
YOU ARE READING
ချစ်ခြင်းများဖြင့် မုန်းပါရစေ.........
Romanceသစ္စာနဲ့ပျိုးခဲ့ပေမယ့်လည်း ညှိုးနွမ်းရတဲ့ သရဖီပန်းတွေအကြောင်း
chapter 5 (Zawgyi version +Uicode Version)
Start from the beginning
