Lighthouse

51 7 6
                                        

BGM _ Ren Ran - Wu Ren Zhi Dao
              任然 - 無人之島
သီချင်းနားထောင်စေချင်တယ်💓
____________________________________
" ရှင့်ဘက်က ရှင်းရှင်းလင်းလင်းလုပ်လေ!! "

"ဟုတ်ပြီ ငါမင်းနဲ့ ဆက်မပတ်သက်တော့ဘူး"

လက်နှဖက်မြှောက်ပြကာ အရှုံးပေးသွားသော ကောင်လေးကို ကောင်မလေးက ရင်နာစွာ စိုက်ကြည့်ရင်း ကောင်လေး၏ ရင်ဘက်ကို တွန်းတိုက်စွာ ထွက်သွားခဲ့သည်။

ထိုမြင်ကွင်းတွေနဲ့ ဝေးရာ တနေရာမှာ အူကြောင်ကြောင်နဲ့ ရပ်ကြည့်နေတဲ့ လူတစ်ယောက်....။

22 နာရီ 22 မိနစ်ထိပဲ....
ငေးနေတာတော်သင့်ပြီ!

ဆက်ကနဲ အသိဝင်လာတော့ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရသည်။

ဘာတွေလဲ...??

ခုနက စကားကရော ဘယ်သူပြောသွားတာလဲ?
အသံဩဩနဲ့ လူတယောက်...

အနီးနားက ဖြတ်သွားသော လူတွေကို
ဆွဲလှည့်ပြီး မေးကြည့်တော့ အရူးတယောက်လို  တွန်းထုတ်ကာ ထွက်သွားကြသည်။

ဒါကရော ဘယ်နေရာလဲ??
ဘာလဲကွာ!!!

"ဟူး...."

စိတ်ညစ်ညစ်နဲ့ မော့ကြည့်မိတဲ့ ကောင်းကင်ဟာ northen lights ဟုခေါ်သော အလင်းတန်း တွေက ကောင်းကင်ထက်မှာ ပြေးလွှားလို့....။

"ဝါး...လှလိုက်တာ..."

နှုတ်ခမ်းတွေက မသိလိုက်ခင်မှာပဲ ပြုံးမိသွားရင်း ခြေလှမ်းတွေက ထိုအလင်းတန်းတွေ ရှိရာသို့ အပြေးအလွှားပြေးနေမိသည်။

မောပေမယ့်လဲ အဓိက နေရာကို မရောက်မချင်း မရပ်တန့်မိ...။ ထိုအလင်းတန်းတွေရဲ့ အစကို သိရမှဖြစ်မည် ဆိုသော စိတ်ရဲ့ ဦးတည်ချက်ကြောင့် ခြေလှမ်းတွေက ပို၍ပင် သွက်နေခဲ့သည်။

"ဟေး...ဟေး...ဖြေးဖြေး"

ဆက်ကနဲ အသိဝင်လာတဲ့ အခါ.... တစ်စုံတစ်ယောက်ရဲ့ လက်တွေနဲ့ ချုပ်နှောက်ခြင်းခံနေရသည်။

"ပြုတ်ကျမယ်လေ...ပင်လယ်ထဲ ခုန်ချမလို့လား?"

ထိုလူထံမှာ အကြည့်လွှဲရင်း အောက်ကို ငုံ့ကြည့်တဲ့ အခါ အပြာရောင် ပင်လယ်ပြင် တခုသာ ရှိသည်။

You've reached the end of published parts.

⏰ Last updated: Oct 08, 2020 ⏰

Add this story to your Library to get notified about new parts!

LighthouseWhere stories live. Discover now