အဲ့ဒါကြောင့်မို့ ရှဲ့လျန့်က သူ့အဖေဆံပင်ဖြူနေတာကို သတိမထားမိတာပါ
(ဒီအခန်းမှာ ဧကရီနဲ့ ဧကရာဇ်တို့ ဘယ်လောက်ချစ်ကြောင်း ပေါ်လွင်နေတယ်...)
ဒီလိုနဲ့ ရှဲ့လျန့်က နန်းတော်ထဲကနေ အပြင်ကိုထွက်လိုက်တာနဲ့ အဖြူရောင်ဝတ်စုံနဲ့ တောက်ဓမ္မပညာရှင်လေးအသွင်ယူလိုက်တယ်
မြို့ထဲကိုလျှောက်သွားရင်း မိုးရွာချလေရော
ဒီလိုနဲ့မိုးခိုရင်း လူတစ်ယောက်က သူ့ကိုထီးတစ်လက်ပေးသွားတယ်ရှဲ့လျန့်လည်းထီးလေးဆောင်းရင်း ဘေးပက်ဝန်းကျင်ကိုကြည့်လိုက်တော့ နတ်ကွင်းအဆောင်လေးသေးသေးလေးကို မြင်တော့ သူသွားလိုက်တယ်
နတ်ကွင်းအဆောင်လေးထဲမှာ ရွံ့နဲ့လုပ်ထားတဲ့ ရှဲ့လျန့်ရဲ့နတ်ရုပ်ထုလေးရှိတယ်
ရှဲ့လျန့်ရဲ့နတ်ရုပ်ထုတွေက အများကြီးရှိပေမယ့် အတူဆုံးနတ်ရုပ်ထုဆိုရင်တောင် ရှဲ့လျန့်နဲ့ကွဲလွဲနေတဲ့အချက် အနည်းဆုံး ခုနစ်ချက်လောက်ရှိနေတယ်တဲ့လေ...
ခုလို သာမန်ရွံ့ရုပ်လေးမှာ ထူးခြားတာသိပ်မရှိပေမယ့် လက်ထဲမှာဆုပ်ကိုင်ထားတဲ့ ပန်းပွင့်လေးကတော့ ရွှေငွေကျောက်သံပတ္တမြားတွေနဲ့ လုပ်ထားတဲ့ပန်းခတ်လည်းမဟုတ်ပဲနဲ့ တစ်ကယ့်ပန်းအစစ်လေးဖြစ်နေလေတယ်...
YOU ARE READING
HOB Photos (Book - 2)
FanfictionHOBနှင့် သက်ဆိုင်သောပုံများဖြစ်သည်။ facebookမှာ ကျွန်တော်တွေ့သော ပုံများဖြစ်သည်။ မူရင်းပုံပိုင်ရှင်များနှင့်တကွ ပုံတင်ပေးသောaccount ပိုင်ရှင်များကို ကျေးဇူးတင်ပါတယ်...