Part-16 (Uni)

188 7 0
                                    

Jongin point of view...

"Jongin hyung!! "

Baekတစ်​ယောက်​jonginကိုမြင်​ရတာ ပိုစိတ်​မသက်​သာဖြစ်​မိတယ်​....

"Baekhyun... အ​ခြေအ​နေ က ဘာထူး​သေးလဲ???.
မြန်​မြန်​ပြောပါ Hyung အရမ်းစိုးရိမ်​နေလို့ပါ...."

"hyung... စိတ်​အေး​အေးထားပါ.. kyung​လေး.. ဘာမှမဖြစ်​ပါဘူး..."

Baekက စိတ်​မပူပါနဲ့​ပြော​ပေမဲ့ ကျွန်​တော်​က​လေးမျက်​နှာ မမြင်​မချင်း.. စိတ်​အေးရမှာ မဟုတ်​ပေ....

"ဘာမှမဖြစ်​ဘူးသာ​ပြောတာ ဘာလို့ ဆရာဝန်​တွေက ထွက်​မလာ​သေးတာလဲ!! "

Jonginတစ်​ယောက်​အရမ်းစိတ်​တွေ​ထွေ​ဗျား​နေ​သော​ကြောင့်​..
Baekhyunကို​ပင်​အော်​မိ​လေသည်​။

"Jongin !!!! စိတ်​အေး​အေး ထားလို့​ပြော​နေတယ်​လေ"

Sehun​အော်​ပေမဲ့ ကျွန်​တော့်​စိတ်​ထဲ က​လေးကိုသာစိုးရိမ်​မိ​နေတယ်​... မျက်​နှာပြင်​ပေါ်က မျက်​ရည်​တွေက မသုတ်​အား​သေး... က​လေးကို မြင်​ရဖို့က အဓိကပင်​....~~

jongin ကိုကြည့်​ရတာနဲ့ပင်​ကျန်​တဲ့သူ​တွေအားလုံးတကယ်​စိတ်​မသက်​သာရတာပင်​...

သူမှာ အရူးကြီးတစ်​ယောက်​လို ငိုယို​နေတာပင်​....

"Hyung! ဘာမှမဖြစ်​ဘူး ကျွန်​တော်​တို့​ပြောတာကိုသာယုံပါ...
သူ​ခေါင်းကွဲသွားလို့​လေးချက်​ချုပ်​ရတာနဲ့.. လက်​က အရိုးအပ်​သွားလို့​ကျောက်​ပတ်​တီးကိုင်​ရုံ​လေးပါ.. အခု သူ​ဆေးအရှိန်​ကြောင့်​မှေး​နေတာပါ.."

ဘာမှမဖြစ်​ဘူးသာ​ပြော​ပေမဲ့​ခေါင်း​လေးချက်​ချုပ်​ရတာနဲ့​ကျောက်​ပတ်​တီးကိုင်​ရုံနဲ့တင်​.. ကျွန်​တော့်​ရင်​ဘက်​ထဲက​အောင့်​တတ်​လာမိတယ်​... က​လေး​လေး​တော်​တော်​နာသွားမှာအမှန်​ပင်​.....

Luhan​ပြော​သော်​လည်းjonginစိတ်​က လုံးဝကို ပုံမှန်​မဖြစ်​သေးပင်​....

"ဆရာဝန်​တွေက Check in ဝင်​နေလို့ ခဏ​စောင့်​ရတာပါ.. ပြီးရင်​ဝင်​ကြမယ်​လေ​နော်​"

"အမ်​..​အော်​..​အေးပါ...
ခုဏ​အော်​မိတာကို hyung​တောင်းပန်​ပါတယ်​... အရမ်းစိုးရိမ်​စိတ်​များ​နေလို့ပါ..."

Jong's baby​မွှေစိန်​Season 1 (Completed)Where stories live. Discover now