𝗣𝗮𝗿𝘁-1

2K 63 4
                                    

(Unicode)
Seoul national university
ဂျီအာ ဒီနေ့တက္ကသိုလ်ပထမနှစ်စတက်ရတော့မှာမို့အရမ်းစိတ်လှုပ်ရှားနေသည်။ကားလေးကတက္ကသိုလ်ဝင်းထဲရောက်တာနဲ့ကားမှန်တွေချကာကျောင်းပတ်ဝန်းကျင်ကိုစူးစမ်းနေမိသည်။ကားရပ်လိုက်သည်နှင့်ချက်ချင်းဆင်းကာ ကားဒါရိုင်ဘာဦးလေးကြီးအားနှုတ်ဆက်လိုက်သည်။
"ဦးလေးကြီး ကောင်းကောင်းပြန်ပါ" နှုတ်ဆက်ပြီးတာနှင့်တန်းပြေးတော့သည်။ကားပေါ်ကဦးလေးကြီးကတော့ရီ၍ခေါင်းကိုသာခါရင်းပြန်လည်ထွက်ခွာသွားတော့သည်။

နာမည်ကတော့ယွန်းဂျီအာ။ Y agencyရဲ့CEOရဲ့တစ်ဦးတည်းသောသမီး တစ်အိမ်လုံး၏အသဲကျော်။ဂျီအာသည်စိတ်ထားဖြူစင်ပြီးကလေးဆန်သည်။ယဉ်ကျေးလိမ္မာပြီးဂုဏ်သိက္ခာမမောက်။ထို့ကြောင့်အိမ်မှာရှိသည့်အစေအခံအားလုံးကလည်းဂျီအာ့ကိုချစ်ကြသည်။ဒါရိုင်ဘာဦးလေးကြီး၏လုပ်သက်သည်ဂျီအာမမွေးခင်တည်းကပင်ဖြစ်သည်။ဂျီအာတို့မိသားစုသည်ပိုက်ဆံချမ်းသော်လည်းအဆင့်အတန်းမခွဲခြားနွေးထွေးကြင်နာကြသောကြောင့်အလုပ်သမားများ၏လေးစားမှုသစ္စာရှိမှုတို့ကိုလည်းအခိုင်အမာပင်ရရှိထားသည်။Y agencyသည်ကိုးရီးယား၏ထိပ်တန်းနံပါတ်3နေရာတွင်ရှိသောModel Agencyဖြစ်ပြီးကိုးရီးယားနံပါတ်1Gucci brandနဲ့လက်တွဲလုပ်ကိုင်လျက်ရှိသည်။

ကျောင်းတက်ဖို့ကလည်းလိုသေးတော့ကျွန်မရဲ့အကျင့်အတိုင်းကျောင်းတစ်ပတ်စူးစမ်းလေ့လာဖို့ထွက်လာခဲ့တယ်။‌တက္ကသိုလ်ကအကျယ်ကြီးလျှောက်ကြည့်ရတာကိုပင်ပျော်နေမိသည်။လျှောက်လာရင်းနဲ့ Basketballကွင်းနားရောက်သွားတော့ကျောင်းသားတစ်စုကBasketballဆော့နေကြသည်။အနားကိုသွားလိုက်တော့ကွင်းဘေးပတ်လည်မှာလည်းကောင်မလေးတွေအများကြီးဖုန်းနဲ့ဓာတ်ပုံတွေရိုက်ပြီးပါးစပ်ကလည်းအော်ကာအားပေးနေကြသည်။သူတို့ဘယ်သူ့ကိုများဒီလောက်အသဲအသန်အားပေးနေတာပါလိမ့်။သိချင်တာကြောင့်စီနီယာအမတစ်ယောက်ကိုမေးကြည့်လိုက်သည်။

"ဟိုလေ အမတို့သူတို့ကဘယ်သူလဲဟင်"

ကွင်းလယ်မှာအပြိုင်အဆိုင်ကစားနေကြတဲ့နှစ်ယောက်ကိုလက်ညိုးထိုးကာမေးလိုက်တော့ ထိုအမကအံ့ဩနေဟန်ဖြင့်

𝑴𝒆𝒂𝒏𝒊𝒏𝒈 𝒐𝒇 𝑳𝒐𝒗𝒆Where stories live. Discover now