'ကဲရပြီဗျ... ဘီးအပိုပါလို့တော်သေးတာပေါ့... မဟုတ်ရင် ခင်ဗျားအချိန်တွေ အကြာကြီး အလကားကုန်တယ်...'
'အင်း ဟုတ်ပါတယ်...'
'ဒါဆို...'
အကြည့်တချက်နဲ့သာ နှုတ်ဆက်သလိုကြည့်ပြီး ထွက်သွားတော့ ဇုံ အားနာနာနဲ့ ကျေးဇူးစကားလှမ်းပြောလိုက်ရသည်...
သူက ကြားလားမကြားလားတော့မသိ ဘာမှပြန်မပြောပဲ သူ့ကားပေါ်သူတက်ပြီး မောင်းထွက်သွားတော့ ဇုံလည်း ပြန်ဖို့ပြင်ရသည်...
နောက်လည်းထပ်တွေ့ကြမဲ့သူတွေမှ မဟုတ်တာ နေပါစေတော့...
သူ့ကိုကြည့်ရတာ တကူးတကကြီး ကျေးဇူးအတင်ခံချင်နေတဲ့ပုံလည်း မဟုတ်ဘူးလေ...xxxxx
'တကယ်လား... ဗိုက်ဆာနေတာနဲ့ အတော်ပဲ... အေး အေး လင်းသန့်ရေ ကျေးဇူးပဲ သိလား...'
ရုံးတွင်း extension ဖုန်းကိုချလိုက်ပြီး မုန့်သံကြားသည်နှင့် အလိုလိုအူမြူးတတ်တဲ့မွန်တယောက် တက်ကြွကြွနဲ့ အားလုံးကို နှိုးဆော်လိုက်သည်...
'ကဲ... အားလုံးပဲ... Boss က အားလုံးအတွက် မုန့်တွေမှာထားတယ်... Mess Room မှာ သွားစားကြပါတဲ့...'
ကလေးတွေထွက်သွားပြီဆိုမှ မွန်လည်း ငုံတို့ရုံးခန်းဘက်ခြေဦးလှည့်လိုက်သည်...
အဲ့ဒီလိုမှ သွားမခေါ်ရင် ဒေါ်ဖူးပွင့်ငုံက လုံးဝသွားစားမှာမဟုတ်ဘူး...ငုံ့အခန်းဆီရောက်တော့ ငုံကမရှိ...
သူ့လက်အောက်က ကလေးတွေသာ စုရုံးစုရုံးနဲ့ တခုခုကို ဆွေးနွေးနေကြသည်...'ယမင်းတို့ ဘာတွေလုပ်နေကြတာလဲ... Boss က အားလုံးအတွက် မုန့်တွေမှာထားတယ်တဲ့ သွားမစားကြဘူးလား... ငုံကော ဘယ်ရောက်နေလဲ...'
'ဟော မမမွန်... ဒီမှာလေ အဲ့ဒါပြောနေတာ... မမငုံက Boss ရုံးခန်းကိုသွားတာ အခုထိပြန်မရောက်သေးဘူး... အဆူများခံနေရတာလားမသိဘူး... မမငုံတော့ သနားပါတယ်...'
'ဟင်... ဟုတ်လား...'
'ဟုတ်တယ်... ဟိုတနေ့ကလည်း အဆူခံရပုံပဲသိလား... Boss ဆီကို report သွားတင်ပြီးပြန်လာတော့ မမငုံမျက်နှာကိုနီရဲနေတာပဲ ဘယ်လောက်တောင် ဒေါသထွက်လာလည်းမသိဘူး...'
YOU ARE READING
ZONE
Romanceနှစ်ပေါင်းများစွာကြာတဲ့အထိ လူတယောက်ကို မမေ့နိူင်တာကလည်း ဝဋ်ကြွေးတမျိုးပါပဲ...🌹 ခါးသီးပေမဲ့ မစွန့်လွှတ်ချင်တဲ့ဝဋ်ကြွေးမျိုး...🌹 နှစ်ပေါင်းများစွာကြာတဲ့အထိ လူတယောက်ကို မမေ့နိုင်တာကလည်း ဝဋ်ကြွေးတမျိုးပါပဲ...🌹 ခါးသီးပေမဲ့ မစွန့်လွှတ်ချင်တဲ့ဝဋ်ကြွေးမျိ...