ရီပေါ် ဘယ်လိုမှ မထိန်းချုပ်နိုင်တော့ဘဲ ရှောင်ကျန့်ကို ပြေးဖက်လိုက်မိတော့သည်။
"ဖြစ်ရလေ ကလေးရယ်၊ ဖြစ်ရလေ"
"ဟင်၊ ဦးဝမ်ရီပေါ် လွှတ်ပါ၊ လူတွေ ဝိုင်းကြည့်နေပြီ"
"ကြည့် ကြည့်ကွာ"
ရှောင်ကျန့် ပြောတော့မှ ရီပေါ် သတိဝင်လာပြီး လူချင်းခွာလိုက်ကာ၊ ရှောင်ကျန့်၏ လက်လေးကို လွတ်ထွက်သွားမည်စိုးသည့်အလား ခပ်တင်းတင်းလေး ဆုပ်ကိုင်ထားပြီး စိုက်ခင်းပိုင်ရှင်အဖိုးကြီးဘက်သို့ လှည့်ကာ.....
"Uncle ကျွန်တော် သူ့ကို ခေါ်သွားတော့မယ်၊ ဒါ ကျွန်တော့်ညီလေးပါ၊ သူ ပိုက်ဆံတွေဘာတွေ ကြိုယူထားတာရှိရင် ကျွန်တော် ပေးခဲ့ပါ့မယ်"
"မရှိပါဘူးကွယ်"
"ဒါဆို သွားလိုက်ပါဦးမယ်၊ ကျွန်တော့်ညီလေးကို စောင့်ရှောက်ထားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ရီပေါ် ရှောင်ကျန့်လက်ကို ကားပေါ်ရောက်မှ လွှတ်ပေးလိုက်သည်။
"အိမ်ပြေးကောင်လေး"
"ဟွန်း ပြေးတော့ဘာဖြစ်လဲ၊ သူများအိမ်မှာ ကပ်မနေနိုင်ပေါင်"
"ကပ်မနေရပါဘူးဗျာ အိမ်ရှင်သခင်လေးပဲ လုပ်ပါတော့ ခင်ဗျာ"
သူ့စကားကြောင့် ကောင်ကလေး ရယ်သည်။
"ဘဝဆိုတာ ဒါပဲပေါ့ ဦးဝမ်ရီပေါ်ရယ်၊ ဘဝအကြောင်း သိရတာပေါ့"
"တော်စမ်းပါ ဘဝအကြောင်းသိရလို့ လူရုပ်တောင် မထွက်တော့ဘူးမှတ်လား"
ရီပေါ် စိတ်တိုတိုနှင့်အော်ပစ်လိုက်တော့ ရှောင်ကျန့် ငြိမ်သက်သွား၏။ ရီပေါ် ငြိမ်ငြိမ်ကလေးထိုင်နေသော ရှောင်ကျန့်ကို တစ်ချက်ခိုးကြည့်လိုက်သည်။
'ကလေး ဘယ်လောက်များ ဒုက္ခတွေရောက်လာပါလိမ့်နော်'
ရီပေါ် ရှောင်ကျန့်အတွက် စိတ်မကောင်းဖြစ်စွာ တွေးမိ၏။ ရီပေါ် စတိုးဆိုင်တစ်ခုရှေ့တွင် ကားကို ရပ်လိုက်သည်။
"ကဲ ဆင်းလေ"
"ဘာဝယ်မလို့လဲ"
"ဪ၊ ခင်ဗျားလေးအတွက် အဝတ်အစားတွေလေ၊ ခင်ဗျားလေးကို ဒီအတိုင်းခေါ်သွားရင် ငါ့မား ငါ့ကိုသတ်လိမ့်မယ်"
Part-11
Start from the beginning