"အစ်ကို မအိပ်သေးဘူးလား"

မဖြေဘဲ ဖန်ခွက်ထဲက လက်ကျန်အရက်ကို တစ်ကြိတ်တည်း မော့သောက်လိုက်သည်။ထို့နောက် စီးကရက်အား ဖန်ဆေးလိပ်ခွက်ထဲကို မီးသတ်လိုက်ပြီး ထလာကာ

"အဲ့ဒီ နာမည်ကို ကြား​တော့ ဘယ်လို ခံစားရလဲ "

"ဗျာ ? "

တစ်လှမ်းချင်းကပ်လာပြီး အပေါ်မှ အုပ်မိုးကြည့်နေသော နေရှိန်ကြောင့် စိုင်းခန့် ကိုယ်လေး ကျုံ့သွားသည်။

"ရိုးသစ္စာ! "

"....."

"အဲ့ဒီနာမည်ကို ကြားရင် ဘယ်လိုခံစားရလဲ "

အေးစက် အက်ကွဲနေ​သော နေရှိန်အသံတွေက ဒေါသကို ထိန်းချုပ်နေသလို။

"ကျွန်တော့်ရင်ထဲမှာတစ်စုံတစ်ခု ပျောက်ဆုံးနေတယ်လို့ ခံစားမိတယ် ။ နောက်ပြီး အဲ့ဒီနာမည်ကိုလည်း ရင်းနှီးတယ် "

"အမှန်ပဲလား "

"ဟုတ် ... ကျွန်တော် မလိမ်ပါဘူး"

စိုင်းခန့် အဖြေကြောင့် အသက်ကို ခပ်ပြင်းပြင်းရှူကာ ဆံပင်တွေကို လက်နဲ့လှန်ပြီး ထိုးဖွနေသည်။ နေရှိန် ဘာကို စိတ်တိုနေလဲဆိုတာ စိုင်းခန့်မသိ။ ကြည့်နေရင်း သူ့အမူအယာတွေက ကြောက်စရာကောင်းလာသည်။

"ကိုကို နာမည်က တိမ်စိုင်သွေး။ ကိုယ့်ရဲ့ အဖေတူ မအေကွဲ အစ်ကို"

"......"

"နောက်ပြီး သူက လူဝင်စားတစ်ယောက်။ အရင်ဘဝက အရာအားလုံးကို မမှတ်မိသလို သူက ဘယ်သူဘယ်ဝါ ဖြစ်ခဲ့တယ် ဆိုတာလည်း မသိဘူး။ ဒါပေမဲ့ ရိုးသစ္စာဆိုတဲ့ နာမည်နဲ့ ကောင်လေးတစ်ယောက်ကို ရှင်းရှင်းလင်းလင်း မှတ်မိတယ်တဲ့။ သူ့အမေဗိုက်ထဲကို မဝင်စားခင်အချိန် ၊ရှင်းအောင်ပြောရရင် သူ့ဖြစ်နေတဲ့ သံသရာရဲ့ နောက်ဆုံး ကျွတ်လွတ်ခွင့်ရတဲ့အချိန်မှာ တိမ်စိုင်ဆိုပြီး ခေါ်လိုက်တဲ့ အဲ့ကောင်လေးကို ဒီဘဝထိ မှတ်မိနေတယ်။ သူတို့နှစ်ယောက်က ဘယ်လို ပတ်သတ်ခဲ့လည်း ဘာတော်လဲဆိုတာ မသိပေမဲ့ သေချာပေါက် ဒီဘဝမှာ ပြန်တွေ့ခဲ့ရင် လက်ထပ်ယူမယ်တဲ့ "

ပြောနေရင်း နေရှိန် လက်နှစ်ဖက်က စိုင်းခန့် ပုခုံးပေါ်ကို ဆုပ်ကိုင်လိုက်ပြီး

သစ္စာတည်၍ အမျက်တော်ပြေ S2Where stories live. Discover now