"မား နေကောင်းရဲ့လား"

  "သားလေး အသံကြားရလို့ ရောဂါတစ်ဝက်လောက် သက်သာနေပါပြီ၊ သား...သားလေးမားတို့ဆီကို ဘယ်တော့ပြန်လာမှာလဲ၊ အခု ဘယ်က ဖုန်းဆက်နေတာလဲ"

  "သား ပြန်လာချင်ပါတယ်မားရယ်၊ မားတို့အိမ်ကို သား အရမ်းလွမ်းတာပဲ သိလား"

  ရီပေါ် 'လွမ်းလို့ပဲ တော်သေးတယ်' ဟု စိတ်ထဲမှ ကြိတ်ပြောလိုက်၏။

  "သားလေး အခု ဘယ်မှာလဲဟင်"

  "သား Beijingမှာ မဟုတ်ဘူး မား၊ ဒါနဲ့ မားဆီရော ဖိန်လီကျဲ လာသေးလား"

  "လာတယ် သားလေးထွက်သွားတဲ့နေ့ပဲ ရောက်လာတာ၊ သားက သူတို့ကို အမွေခွဲမပေးချင်လို့ ရှောင်နေတာဆို"

  "မဟုတ်ပါဘူး မားရယ်၊ သားက သူတို့ ရသင့်ရထိုက်တာကို ခွဲပေးဖို့ ရှေ့နေကတစ်ဆင့် ပြောပြီးသားပဲ၊ အဲဒါကို သူတို့က လက်မခံပဲ အိမ်ကြီးကိုပါတောင်းနေလို့ သားမပေးနိုင်လို့ ရှောင်နေတာပါ၊ ပြီးတော့ အဲဒီအိမ်ပေါ်မှာ သား ဆက်နေရင်သေလိမ့်မယ်"

  ရှောင်ကျန့် ပြောရင်း ငိုသံပါလာ၏။

  ဪ.....

  ဘာဒုက္ခတွေများ ခံစားနေရတာလည်း ကိုယ့်ကလေးရယ်.....။

  "ဒီလိုဆိုလည်း သားလေးရယ် မားတို့အိမ်ကနေပြီး သူတို့ကို ရှင်းလင်းစရာရှိတာ ရှင်းလင်းပေးလိုက်ပေါ့၊ မားတို့အိမ်က အန္တရာယ်ကင်းပါတယ်"

  "ဟုတ်ကဲ့ သားလည်း အဲလိုအရင်က စဉ်းစားထားပြီး ရှေ့နေနဲ့တွေ့ဖို့ စီစဉ်နေတုန်း ဖိန်လီကျဲနဲ့တွေ့လို့ပါ"

  "ကဲ၊ ကဲ သားလေး Beijingကိုသာ အမြန်ဆုံးပြန်လာပါ သားလေးရယ်၊ သားလေးတစ်ယောက်တည်း ခုလိုလျှောက်သွားနေတာမကောင်းဘူး အခု သားလေးဘယ်မှာလဲ"

  မားက ပညာသားပါပါပြောနေသည်ကြောင့် သူ စိတ်အေးသွားရသည်။ ကောင်ကလေးက ခေတ္တငြိမ်သက်သွားပြီး.....

  "မား သားပြန်လာလို့ မဖြစ်သေးဘူးထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သား အသက်အန္တရာယ်ကိုပါ လုပ်ကြံမယ့်သူတွေရှိတယ်၊ အခုတောင် မနည်းခြေရာဖျောက်ထားရတာ"

ချစ်ခြင်း၏စီးဆင်းရာ [Completed]Where stories live. Discover now