"ထွက်သွား!!!!!"

"ကျန့်ကော ရိပေါ်ကိုအော်နေတာလား"

"အော်နေတာမဟုတ်ဘူး ပြန်တော့လို့ပြောနေတာလေ"

"မဟုတ်ဘူး အော်လိုက်တာကို
အားးးးးးးးး ကျန့်ကော မကောင်းဘူး
ကြည့်ကြပါအုံး အားလုံးလေစားရိုသေရပါသော အမြဲကြင်နာတတ်တယ်လို့ချီမွန်းခံနေရပါသော ဦးရီးတော်က အခု ရိ‌ပေါ်ကိုအော်နေပါတယ်လို့ ဗြဲ!!!!!."

သောက်ကလေး
ခွေးကောင် ငါတနေ့လောက်အေးအေးဆေးဆေးနေလို့မရဘူးလား နေ့တိုင်းနေ့တိုင်းငါ့ဆီလာပြီး ဒုက္ခပေးနေမှရမှာလား

အကြီးဖြစ်တဲ့ သူကပဲ အာဗြဲသံကြီးကို မကြားချင်ယောင်ဆောင်ပြီးပဲ စာကြည့်ခန်းထဲကနေ ထွက်လာခဲ့လိုက်ပါတယ်။ ဒါကို ကျန့်ကော မကောင်းဘူး၊ငိုနေတဲ့ သူကိုမချော့တဲ့အပြင် ထားပြီးထွက်သွားတယ်၊ကျန့်‌ကော လူဆိုးကြီး
နဲ့အော်ပြီး ငငိုနေသေးတယ်

ဟူးးးးးးးးးဒီနို့မပြတ်သေးတဲ့ကလေး‌နဲ့တော့တကယ်ပါပဲ
ခက်နေပါပြီ
.......

"ကျန့်ကော"

"......" မထူးချင်သေးဘူး။

"ကျန့်ကောလို့"

"အွန်း"

"ဒါကဘာတုန်း"

"မင်းပဲလိုချင်တယ်ဆို"

"အွန်းလေ လိုချင်တယ်လေ
ဒါပေမယ့် အခု ကျန့်ကောက ‌ပေးလိုက်တာလား"

"အဘိုးကြီးကသနားဖို့ကောင်းတယ်လေ သူမှာအလုပ်နဲနေတာ ဈေးကြီးကြီး ဓားတလက်လောက်အပ်မှ သူ့ဖို့ကျန်တော့မှာပေါ့"

"ပေးချင်ရင်ပေးချင်တယ်ပေါ့"

"ဘာ!!!"

"ဘာမှမဟုတ်ဘူး  ကျန့်ကောက အကျင့်လည်းပုတ်ပြီး ရုပ်လဲဆိုးတယ် ရိပေါ်အပေါ်လည်းမကောင်ဘူး လူကစိတ်ဆိုးနေတာတောင် လာပြီးမေရအောင်လုပ်တယ်
နောက်ပြီးတပါတ်တိတိ လာလဲမချောဘူး
ဒီမှာ စိတ်ဆိုးနေတာကို ကျန့်ကောက နဲနဲလေးမှမကောင်းဘူး
လူဆိုးကြီး သေရင်ငရဲသွားရမှာ"

"အွန်း" မပြောတော့ဘူး။ လွှတ်ထားလိုက်ပါ့မယ်။ ကလေးပဲမဟုတ်လား။

CallWo Geschichten leben. Entdecke jetzt