မားက သူ့ကို တစ်ချက်လှမ်းကြည့်၍.....
"သားရင်ထဲမှာ ဘာတွေဖြစ်နေလဲ မား သိတယ်"
"ဗျာ၊ သား ဘာမှမဖြစ်ပါဘူး မားရယ်"
သူ့ရင်ထဲကို မြင်နိုင်စွမ်းရှိသော မားကို မုသားသုံးလိုက်၏။
"ဒီမှာ သား၊ သား ကျန့်ကျန့်ကို ချစ်နေတယ်မလား"
"ချစ်ချစ် မချစ်ချစ်ပါ မားရယ်၊ မနေချင်လို့ ထွက်သွားတဲ့သူက ထွက်သွားပြီပဲ၊ သားတို့က ဘာတတ်နိုင်မှာလဲ"
"ဟုတ်ပါတယ်လေ၊ ဘာမှ မတတ်နိုင်တော့ပါဘူး"
"မားသာ စိတ်ဖြောင့်နေပါ မားရယ်"
မားရဲ့လက်ကို ခပ်ဖွဖွဆုပ်ကိုင်ကာ ပြောလိုက်လေသည်။
"အင်း၊ မားကလည်း သမီးလိုချင်ပေမယ့် ဒီကလေးကိုမြင်ပြီး သမီးတစ်ယောက်လို ချစ်ခင်တွယ်တာမိတာ၊ မိန်းကလေးတို့ တတ်အပ်သင့်တဲ့ပညာအားလုံး ဒီကလေးတတ်တယ်၊ ဒါကြောင့် သားနဲ့နေရာချထားပေးဖို့ စိတ်ကူးပြီး အရိပ်အခြေစောင့်ကြည့်နေတာ၊ သားတို့လူငယ်ချင်း အဆင်ပြေသွားရင်တော့ မားက ကြားဝင်စရာမလိုတော့ဘူးဆိုပြီး၊ အခုတော့....."
"တော်ပါပြီ မားရယ်၊ ဖြစ်ပြီးသားတွေ ပြန်ပြောမနေပါနဲ့"
ထိုစဉ်မှာပင် ဒေါ်ကြီးမိုက အခန်းထဲ ဝင်လာသည်။
"မမနဲ့ သားဝမ် အောက်မှာ ဧည့်သည်ရောက်နေတယ်၊ သားဝမ်နဲ့ တွေ့ချင်လို့တဲ့"
"ဘယ်သူတဲ့လဲ ဒေါ်ကြီးမို"
"မနေ့ကလာတဲ့ မိန်းကလေးလေ"
သူရောမားပါ ယွေ့ဖိန်လီဆိုတာ အတတ်သိလိုက်သည်။
"ဒါဆို မား သားသွားတွေ့လိုက်ဦးမယ်၊ ကျန့်ကျန့်သတင်းလေးဘာလေး ကြားရလိုကြားရငြားပေါ့"
"နေဦး မားပါ လိုက်မယ်၊ မားကို ထူစမ်း"
ရီပေါ် နေမကောင်းဖြစ်နေသော မိခင်ကို စိတ်မသက်သာစွာကြည့်ပြီး ထူလိုက်သည်။ ဒေါ်ရီရှုဟန် အင်္ကျီတွေ၊ ဆံပင်တွေကို သပ်ရပ်အောင်ပြုပြင်ပြီးနောက် ရီပေါ်လက်မောင်းကို ခပ်ဖွဖွကိုင်၍ လိုက်ပါလာသည်။
![](https://img.wattpad.com/cover/242300719-288-k825652.jpg)
Part-9
Start from the beginning