မှတ်စုစာအုပ်ကိုခါးကြားထဲထိုးကာ လမ်းလျှောက်လာတုန်း ​နောက်​ကျောကမလုံသဖြင့် ​နောက်ကိုလှည့်ကြည့်မိ​တော့ ဘယ်သူမှမရှိ​ပေ။

" ငါစိတ်ထင်​နေတာဖြစ်မှာပါ...ဒီလမ်း​တွေကသွား​နေကျလမ်း​တွေပဲကို " ဟု​ဖြေ​တွေး​နေ​သော်လည်း ​နောက်ကတစ်ဟုန်ထိုးပြေးလာပြီး သူ့ခါးမှာထိုးထားတဲ့မှတ်စုစာအုပ်ကို နှိုက်ယူခံရ​လေသည်။ ထိုအခါမှ သူသတိ၀င်ပြီး စာအုပ်ကိုပြန်လုရ​လေသည်။ ​အော်မည်လုပ်​သော်လည်း တစ်ဖက်လူမှာ ဓါး​တွေပါမှာစိုးရိမ်တာ​ကြောင့် သူမ​အော်ရဲ​သေး။ လမ်းမီး​ရောင်မှိန်ဖြဖြ​အောက်မှာ စာအုပ်ကိုလု​နေကြသည့် ​ကောင်​လေးနှစ်​ယောက်ရှိ​လေသည်။

" ဟင် စာအုပ်ကြီး " တစ်ဖက်က စိတ်ညစ်သွားသည့်အသံနှင့်​ပြော​နေတာ​ကြောင့် ကဏ္ဏထိုလူ့ကိုကြည့်မိသွားသည်။ မီး​ရောင်မှိန်ဖျဖျပဲရှိတဲ့အပြင် ဆံပင်​တွေနဲ့ဖုံး​နေတာကြောင့် ထိုသူရဲ့ မျက်နှာကို ​ကောင်း​ကောင်းမမြင်ရ​သော်လည်း ဆံပင်ကဂုတ်​ထောက်​နေပြီး ပုံစံကညှင်းသိုးသိုးနှင့် ၀တ်ထားသည့်အင်္ကျီ​ဘောင်းဘီတို့မှာ အ​​ရောင်မွဲ​နေ​လေသည်ကို​တော့ မြင်ရသည်။ သူ့ဘက်က ထိုလူ့ကိုအကဲခပ်​နေတာ​ကြောင့် စာအုပ်ကိုင်ထားသည့်လက်က အား​ပျော့သွားပြီး ထိုလူကလည်း ပိုက်ဆံအိတ်မဟုတ်ပဲ စာအုပ်ဖြစ်​နေတာ​ကြောင့် လက်ကိုအလွှတ်...
' ဘုတ် ' ခနဲ ပြုတ်ကျသံနှင့်အတူ ပြန့်ကြဲထွက်လာသည့် ပိုက်ဆံများ...

ထိုအခါမှ ထိုလူက၀မ်းသာသွားသည့်ပုံနှင့် ပိုက်ဆံ​တွေကို အတင်း​ကောက်ယူကာ ထွက်​ပြေးမည်လုပ်သည်။ ကဏ္ဏ..ထိုလူကို​ပြေးဆွဲလိုက်​သော်လည်း သူ့လက်ကို ပုတ်ချခံရကာ နှစ်​ယောက်သား လုံး​ထွေးသွား​လေသည်။ မျက်နှာကို​သေချာမမြင်ရ​သော်လည်း မျက်ခုံးနားကအမာရွတ်ကြီးက​​တော့ ထင်ရှားစွာမြင်ရသည်။ အရွယ်ကသိပ်မကွာတာ​ကြောင့် သူတစ်ပြန်ကိုယ်တစ်ပြန်ဖြစ်​နေတဲ့​နောက်မှာ ' မင်းမလွှတ်ရင် မင်းကိုဓါးနဲ့ထိုးမှာ​နော် ' ဟူ​သောစကား​ကြောင့် သူလက်ကိုလွှတ်လိုက်ရ​လေသည်။ ထိုလူက​တော့ ပိုက်ဆံကိုယူကာ ​ပြေးသွား​လေပြီ။

နာကျင်မှုတို့အလွန် ( နာကျင်မှုတို့အလွန် ) [ Completed ]Where stories live. Discover now