"Baby Hyung ဝင်မယ်လေ"

"မင်း ငါ့ကို အဲ့လိုခေါ်တာပြင်နော်....လူကြီးတွေရှိတယ်မလား မင်းကအရှက်မရှိလို့မရှက်ပေမယ့် ငါရှက်တယ်"

"အင်းပါ အင်းပါ မခေါ်ဘူး"

လွယ်လွယ်ကူကူကတိပေးလာတဲ့ဟာလေးကိုသူမယုံချင်ပေမယ့် အင်တင်တင်နဲ့သာအိမ်ထဲဝင်လာလိုက်ရသည်။
စက်ဘီးလေးကို ခြံထဲကသစ်ပင်ကြီးတစ်ပင်အောက်တွင်ရပ်ထားကာ ထိုဝဲစားလေးနောက်ကနေလိုက်လာလိုက်သည် ။ အိမ်ကအလွန်အမင်းကြီးမားနေတာကတစ်ကြောင်း သူစိမ်းအိမ်ဖြစ်တာကတစ်ကြောင်းမလို့ ရင်တွေနည်းနည်းတော့တုန်နေမိသည် ။

"Omma ရေ omma....သားပြန်ရောက်ပြီ....omma သားမက်လေးပါ ပါလာတယ်ဗျာ"

သောက်သံပြဲကြီးနဲ့သားမက်ဆိုတဲ့အသံကြီးကြောင့် TaeHyung မှာဘယ်ပြေးပုန်းရမလဲမသိတော့ ။ ဒီဟာလေးကလေ သောက်ကျင့်ကိုမကောင်းဘူး ။ ခုနက Baby Hyung လို့မခေါ်ဘူးလို့ပြောတာ ဒါ့ကြောင့်ကိုး။

ခဏကြာတော့အိမ်ထဲကထွက်လာတဲ့ ခပ်ချောချောအမျိုးသမီးကြီးတစ်ယောက် ။ ထည်ဝါခန့်ညားတဲ့အသွင်အပြင် မျက်လုံးဝိုင်းဝိုင်းတွေကြောင့် JungKook အမေမှန်းသိလိုက်သည် ။ ထိုအန်တီကြီးမှာ သူ့ကိုမြင်သည်နှင့် အနှစ်နှစ်အလလဝေးကွာနေတဲ့သားလေးကိုအခုမှတွေ့ရသလို ကိုပြေးဖက်ကာချစ်မဝဖြစ်နေတော့သည် ။

"ဟယ် ချစ်စရာလေးတော်....ဒါကသားလေးပြောတဲ့ omma သားမက်လေးပေါ့....အာဂူး...ငါ့သားက တယ်အရွေးတော်တာပဲ....ကြည့်ပါဦး အရုပ်လေးလိုပဲ"

"ဟို ဟို မ မဟုတ်"

ထိုသားအမိနှစ်ယောက်ရဲ့ကြားတွင် သူ့ရဲ့စကားလုံးလေးတွေဟာ အရာမထင်စွာ လေထုထဲလွင့်ခနဲ ကွယ်ပျောက်သွားသည် ။

"ဟဲဟဲ omma ရဲ့သားပါဗျာ....ဒီလောက်တော့ရှိတာပေါ့"

TaeHyung မှာ ရပ်နေရာကနေ အငွေ့ပြန်ပျောက်ကွယ်သွားချင်တော့သည် ။ ဘယ်တုန်းကဘာတွေ ဘယ်လိုပြောထားလဲမသိ ။ သူ့ကိုမြင်တာနဲ့သားမက်လေးဆိုပြီးတောင်ပြေးဖက်သည် ။

"ဟို ၁၀၉/၁၁၀ အခုမှပြန်ရောက်လာပြီး ဘာတွေဖြစ်နေတာလဲ"

အသံတွေကြားလို့အိမ်ထဲက JungKook အဖေထွက်လာသည်ထင်သည် ။ ၁၀၉/၁၁၀ ဆိုတဲ့စကားမှာ သူဟာအူကိုတက်လို့ ။ ရီချင်တာကိုမနည်းထိန်းထားရသည် ။ အဖေဖြစ်သူထွက်လာတော့ ဇက်ပုသွားတဲ့ဟာလေးကြောင့် သူရီချင်မိသည် ။ လောကမှာဒီဟာလေး ကြောက်တဲ့သူရှိသေးသားပဲ ။

 A Boy Named JeonJungKook [Completed]Where stories live. Discover now