တည်ငြိမ်သောအသံဖြင် စိုင်းခန့်စိတ်ကို နားလည်စွာ ရှင်းပြလာသည်။ ဆုံးမစကားမျိုးပြောသည်ဆိုသော်လည်း အမိန့်သံမပါ မေတ္တာရပ်ခံနေသလိုမျိုး။

"ခဏ ကလေးကို အရင်မေးစရာရှိသေးတယ် "

"ဟုတ် "

"အောင်မြင်ချင်လား ဒါမှမဟုတ် သိုသိပ်ချင်လား"

"ခင်ဗျာ?"

"လူအများစုရဲ့ သဘာဝ အရ လူသိများအောင်မြင်ချင်ကြတယ်၊အရေးပေးခံချင်ကြတယ်။ ဒါဆို အလှည့်ပြောင်းတွေနဲ့ ဘဝဇာတ် ကြောင်းကို မျက်နှာဖုံးများစွာရှိတဲ့ လူတွေကြားမှာရှင်သန်ရမှာ။ အဲ့ဒီအတွက် တိုက်ခိုက်ရမယ် ၊ရဲရင့်ရမယ် ကိုယ့်ဘက်က အတွေ့အကြုံတွေအများ​ကြီးရှိထားမှ ။ဒီလို အဆင့်ကိုလိုချင်ရင် တောဘုရင် မဖြစ်တောင် သားရဲတစ်ကောင် ဖြစ်လာအောင် လေ့ကျင့်ယူထားရမယ်။ကလေးက အဲ့လိုင်းရွေးချင်ရင် ကိုယ်က အကုန် တာဝန်ယူပြီး တောင်ပံရရှိလာအောင် တပ်ပေးမှာမို့ .... ဘယ်လိုလဲ ပျံသန်းချင်လား?"

"အဲ့ဒါက....."

မျက်လုံးချင်း ဆုံမကြည်ရဲအောင် ခေါင်းငုံ့ထားသော စိုင်းခန့်အမူအရာအား နေရှိန်သေချာအကဲခတ်နေသည်။ဘဝမှာ တစ်ခါမှ မင်းဘာဖြစ်ချင်လဲ၊ ဘာဝါသနာပါလဲလို့ ဘယ်သူမှမမေးခဲ့။ အခု မေးပြန်တော့လည်း လုပ်မှ လုပ်နိုင်ပါ့မလားဆိုတဲ့ အတွေးသာ ကြီးစိုးနေပြန်သည်။သို့သော် စိုင်းခန့် စိတ်ထဲမှာသေချာတာတစ်ခုက မာယာများတဲ့ လူတွေ ကြားမှာ ရှိမနေချင်ပါ။

"ကျွန်တော် ထင်ပေါ်မှာကို မကြိုက်ဘူး။နောက်ပြီး ပျံသန်းပြီး အမြင့်ရောက်မှ ဘယ်အချိန် ရိုက်ချမလဲဆိုတဲ့ စိတ်နဲ့လည်းမရှင်သန်ချင်ဘူး။တတ်နိုင်သမျှ လူတွေနဲ့ ဝေးတဲ့နေရာမှာပဲ ကျွန်တော် နေချင်တယ် "

ဒီအဖြေက နေရှိန်အထင်သေးသွားနိုင်သော်လည်း စိုင်းခန့်မလိမ်ချင်။လူတွေရဲ့ သဘောတရားကို ကြုံလာရတဲ့ ဘဝ အခြေအနေနဲ့ ကောင်းကောင်းနားလည်နေပြီမို့ ဒီအသိုင်းအဝိုင်းကို ထပ်မသွားလို။

"ကလေး ဒီလိုဖြေမယ်ဆိုတာ ကိုယ်သိတယ်။ တွေးထားတာလည်းရှိတယ်။ဒါပေမဲ့ ကိုယ်စိတ်ထင်ရာအတိုင်း ကလေးအပေါ် စီမံနေသလို ဖြစ်မှာစိုးလို့ ဒီမေးခွန်းကို အရင်မေးတာ။ကိုယ့်ကို ကြည့် "

သစ္စာတည်၍ အမျက်တော်ပြေ S2Where stories live. Discover now