Chapter - 13.8.3(The End)

Comincia dall'inizio
                                    

"သားကောင်ရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေးရာဇဝင်အကျဉ်းပေးပါ" သူဆက်သွယ်မိတဲ့သူဆီက ထိုစာကြောင်းလှမ်းပို့လာ၏။

ဖန်းကျစ်ဖေးသည် အမြန်အဆန်ပင် ကျိူ းယွင်ရှန့်ဓာတ်ပုံတို့အား ကူးယူပြီးနောက် ပေးပို့သည် ခလုတ်အား နှိပ်ခါနီးကာမှ ... ကွန်ပျူ တာမျက်နှာပြင်သည် လက်ကနဲဖြစ်သွား၍ ရုတ်ချည်း အမှောင်ကျသွား၏။
သူ့ရင်ထဲဝယ် အနည်းအကျင်းမျှ တုန်လှုပ်သွားလျက် ... ကွန်ပျူ တာတွင် ပြဿ နာဖြစ်ပေါ်သည်ကို ရှာဖို့ reset ချရန်ပြင်လေသည်၊ ထို့အခိုက် ... ကွန်ပျူ တာမျက်နှာပြင်က သူ့ဘာသာ ပြန်လင်းလာ၏။ ကျိူ းယွင်ရှန့်ရဲ့ မက်မွန်ဝတ်လွှာမျက်ဝန်းများက ယောင်ယောင်မျှ မှေးကျဉ်းသွား၍ သူ့အား အကြည့်ပေးလာ၏။

"ငါးသန်းတဲ့လား ... ငါ့အသက်က ငါးသန်းပဲ တန်တာလား?" အမျိုးသားငယ်ရဲ့ ကြည်လင်ပြတ်သားသည့် ... အေးစက်စက်အသံက ... မမြင်နိုင်သည့် စူးတစ်ချောင်းက ... သူ့နားစည်အတွင်း ဝင်ရောက်ထိုးဖောက်လာသလိုပါပင်။

ဖန်းကျစ်ဖေးသည် သူ့နားကြပ်အား ကမန်းကတန်း တပ်လိုက်ရ၏၊ ဒါမှ စကားသံတွေကို အခြားလူများမကြားနိုင်မှာဖြစ်၏။

"မလှုပ်လေနှင့်! အကျွနု်ပ်ကဆိုရင် တရားစီရင်မှုနတ်သားရဲ့ တမန်တော်ဖြစ်ပေ၏ ... သင့်အား လူသတ်သမားငှါး၍ လူသတ်ရန်ကျူ းလွန်သည့်အတွက် ဖမ်းဆီးရန် ရောက်လတ္တံ!" ကျိူ းယွင်ရှန့်သည် အစိမ်းရောင်ရေသေနတ်အား ထုတ်ယူ၍ ကွန်ပျူ တာမျက်နှာပြင်သို့ ချိန်ကာပစ်သယောင်ပြု၏ ... သူ့၏ လူကြီးအသံအား ကလေးပိစိအသံအဖြစ်သို့လည်း ပြောင်းလိုက်၏။

ဖန်းကျစ်ဖေးသည် သူ့မျက်နှာကို အုပ်ကွယ်မိလိုက်၏၊ သူ့အရေပြားတို့တွင်လည်း ချွေးစေးတို့က ထွက်လာသည် ... မသိရင် သူ့အားရေအေးဖြင့် လောင်းထားသည့်အလားပင်။ တဖက်ကကွန်ပျူ တာမျက်နှာပြင်ထက်ဝယ် ... အရပ်မြင့်မြင့်အမျိုးသားတစ်ယောက်သည် ကျိူ းယွင်ရှန့်ဆီလျှောက်လာပြီး ... အနည်းငယ် ပြုံးလျက် ကျိူ းယွင်ရှန့်အား ဆက်စီအသံဖြင့် 'ဆိုးတယ်ကွာ'ဟု တိုးညှင်းညှင်းဆိုလျက် ... ထိုသူ့လက်က ကျိူ းယွင်ရှန့်ရဲ့ အင်္ကျီအတွင်း လျှိုဝင်သွားပြီး ... ရှန့်ရင်ဘတ်က ပွင့်ချပ်လွှာကို ဖိချေဆုပ်ညှစ်၍ ရှန့်၏ လည်တိုင်ကျော့ကျော့တွင် အမှတ်အသားပြု နမ်းရှုံ့လေသည်။

ကလဲ့စား FOD- Arc13[မြန်မာဘာသာပြန်](Completed)Dove le storie prendono vita. Scoprilo ora