Chapter - 13.8.3(The End)

Start from the beginning
                                    

အပြည့်အဝကို အနိုင်ဖြင့်ပိုင်းခဲ့ပြီးပြီ၊ ဟိုးအပေါ်ဆုံးမှလည်း အောက်ကိုဆွဲချပြီးပြီ ... လူတွေကို ပုန်ကန်စေပြီး .. မိတ်ဆွေသူငယ်ချင်းတွေကို ဖယ်ကြဉ်စေမည်၊ သေခြင်းတရားက အသက်ရှင်သန်နေထိုင်ရသည်ထက် ပိုကောင်းသည်ကိုလည်း သိစေမည်၊ ကျိူ းယွင်ရှန့်က ထိုအရာတို့ကို ဖန်းကျစ်ဖေးကို လက်ဆောင်ပေးမည်ဟု ကျိန်ဆိုခဲ့ပြီးသား ... ဖြစ်သော်ငြား သူ စိတ်ကျေနပ်နိုင်မှု မရှိသေးပေ။

ဖန်းကျစ်ဖေးကို တရုတ်နိုင်ငံရဲ့ အကျဉ်းထောင်တစ်ခုဖြစ်တဲ့ ... လုမင်ရှန်းအကျဉ်းထောင်၏ မူအသစ်ရဲ့ဦးဆုံးအုပ်စုထဲ ပို့ပေးခဲ့သည်။ ၎င်းထောင်သားတွေမှာ ကိုယ်ပိုင်အခွင့်အရေးမြင့်မား၏၊ သူတို့သည် ကြိုက်နှစ်သက်ရာ သက်မွေးမှုပညာရပ်များစွာကို သင်ကြားနိုင်ကြသလို ... အွန်လိုင်းမှလည်း ကျောင်းတတ်လို့ရပါသေးသည်။ သို့ပေမယ့် ... ထိုအရာအားလုံး ထောင်ကဲရဲ့ မျက်စိအောက်တွင်သာ ပြုလုပ်လို့ရ၏။

ဖန်းကျစ်ဖေးသည် သူသွားရမည့်ထောင်က ၎င်းထောင်ဖြစ်သည်ဆိုတာကို သိတော့ ... ပြုံးသွားသည်။ တစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်က ကန့်သန်ချက်နဲ့ဆိုသော်ငြား သူ့အတွက်တော့ ပြဿ နာကြီးမဟုတ်ပေ၊ သူ အွန်လိုင်းပေါ် ရောက်နိုင်နေသရွေ့ ... သူက တန်ခိုးရှင်ပါပေ့။

သူသည် ပထမဆုံးလတွေအတွင်း အရမ်းကိုကျိုးကျိုးနွံနွံသာနေပါ၏ ... ထောင်စောင့်များကို အဘယ်သို့သော တပ်လှန့်မှုမျိုးကိုမျှ ဖြစ်ပေါ်ခြင်းမရှိစေပေ။ သူတို့တွေရဲ့ နိုးကြားမှုများလျော့နည်းသွားပြီးဆိုမှ ... သူသည် တရားမဝင်ဘဏ်အကောင့်များကို ဟက်၍ ထိုမှ ငွေများသဲ့ယူလေသည်။ သူက ဖန်းခွန်းဖိန်နဲ့သူ့အမေဆီကိုလည် အနည်းငယ်လှမ်းပို့ပေး၏၊ အချို့ကိုတော့ဖြင့် အင်တာနက်ကို အချိန်ကြာကြာကြည့်လို့ရရန် ထောင်စောင့်များကို လာဘ်ထိုးရာတွင် သုံးလေသည်။

နှစ်တဝက်လောက်ကြာ ရှာဖွေစူးစမ်းပြီးသည်နောက်မှာတော့ ... သူသည် မြေအောက်ဂိုဏ်းဖြင့် ဆက်သွယ်မိခဲ့၏၊ အဲ့နောက် ကျိူ းယွင်ရှန့်အသက်ကို ငါးသန်းဖြင့် အလဲအလှယ်ပြုခဲ့သည်။

ကလဲ့စား FOD- Arc13[မြန်မာဘာသာပြန်](Completed)Where stories live. Discover now