အခု သူဟာ ချောင်ပိတ်မိနေသော သားရဲတိရစ္ဆာန်လို ... သွေးပျက်၍ မာန်ဖီနေသည်မှာ နေ့စဉ်ရက်ဆက်ပါပေ။

သို့သော်လည်း ကျိူ းယွင်ရှန့်၏ ကစားပွဲလေးကတော့ အဆုံးသတ်ဖို့ အဝေးကြီးမှာပါပင်။ သူက ပြည်တွင်းအကောက်ခွန်ဌာနသို့ ဖိုင်တွဲအထပ်လိုက် ပေးပို့လိုက်၏ ... ပြီးတော့လည်း 008 ကို အသုံးပြု၍ ဗီဒီယိုဖိုင်တစ်ခုနှင့် အသံဖိုင်နှစ်ခု ဖန်တီးလိုက်၏၊ ထိုဟာများကို ဖန်းကျစ်ဖေးရဲ့ ကွန်ပျူ တာတွင်းရှိ ဘဏ္ဍရေးဖိုင်အကန့်ထဲတွင် ထည့်သွင်းလိုက်သည်။

နောက်တစ်နေ့ ဖန်းကျစ်ဖေးတစ်ယောက် ကုမ္ပဏီလာတဲ့အခါတွင်တော့ ယူနီဖောင်းဝတ်ဆင်ထားသည့် အကောက်ခွန်မှ အရာရှိများက ရုံးတွင်းစာရင်းအင်းများနဲ့ သူ့ပိုင် ကွန်ပျူ တာတို့အား ချိတ်ပိတ်ထားသည်ကို မြင်လိုက်ရ၏။ သဘာပတိဥက္ကဌကြီးကိုတော့ ရုတ်တရက်နှလုံးအမောဖောက်မှုကြောင့် ဆေးရုံပို့လိုက်ရလေ၏၊ ဒါကြောင့် စစ်ဆေးမေးမြန်းမှုခံဖို့ရာက သူကလွဲလို့ တခြားမရှိခဲ့ပေ။

"ခဗျားတို့ ကုမ္ပဏီက အခွန်ရှောင်မှုတွေရှိတယ်လို့ ကျွန်တော်တို့ဆီ တိုင်ကြားစာရောက်လို့ပါ ... ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ ဘဏ္ဍငွေစာရင်းတွေကို ကြည့်ချင်ပါတယ်"

"ရပါတယ်ခဗျ ... ကျွန်တော်တို့ အကောင်းဆုံး ပူးပေါင်းပါဝင်ပေးပါ့မယ်" ဖန်းကျစ်ဖေးသည် သူ့ကွန်ပျူ တာအား လှမ်းကြည့်လိုက်၏။ သူသည် သူ့၏သိုဝှက်ထားသော ဘဏ္ဍငွေစာရင်းက ဘယ်နည်းနှင့်မျှ ရှာဖွေလို့ရမှာမဟုတ်ဟု ယုံကြည်ချက်ရှိလေသည် ... ဒါမို့ သူသည် နည်းနည်းလေးတောင်မှ စိတ်အနှောင့်အယှက်ဖြစ်မနေပေ။

အခွန်ဌာနမှ အရာရှိတစ်ဦးက သူ့ကွန်ပျူ တာကို ဖွင့်သောအခါ ဘဏ္ဍငွေစာရင်းနှင့် ပတ်သက်သည့်ဖိုင်အကန့်အား အလွယ်တကူပင် ရှာဖွေတွေ့ရှိလေသည် ... ဖိုင်အနည်းအကျင်းမျှ ဖွင့်ကြည့်ပြီးသည့်နောက်တွင်တော့ ထိုသူ့မျက်နှာထားက အနည်းငယ် အေးစက်သွားလေ၏။ ထိုသူက တည်တည်ငြိမ်ငြိမ်နှင့်ပင် ခေတ္တရပ်တန့်သည့် ခလုတ်အားနှိပ်ပြီးတော့ သူ့နားကြပ်ကို ကောက်တပ်လေ၏ ... ပြီးမှ play ခလုတ်အားနှိပ်၍ ဆက်လက်ကြည့်ရှုလေသည်။ မိနစ်အနည်းအငယ် အကြာမှာတော့ ... သူ့နားကြပ်ကို ချွတ်ကာ လှမ်းအော်ခေါ်လေသည်၊ "ဆရာရေ ... လာကြည့်အုံး"

ဖန်းကျစ်ဖေးက ရုံးခန်းအပြင်တွင် မတ်တပ်ရပ်ကာ ရှိလေသည်၊ သူ့ကွန်ပျူ တာအား လူနှစ်ယောက်က ထူးခြားသည့်အမူအရာဖြင့် ကြည့်ရှုနေသည်ကိုတွေ့တော့ ... သူ့ငြိမ်သက်နေသည့် စိတ်အစဉ်သည် စတင်၍ ဂယက်ရိုက်လာလေ၏။ ရုံးခန်းတွေက အကောက်ခွန်အရာရှိတို့ရဲ့ ထိန်းချုပ်မှုအောက်တွင် ရှိနေလေတော့ ... သူဝင်ပြီး ကြည့်လို့ကလည်း မရ ..... အဲ့ဒီတော့ သူ့မှာ ရှေ့နောက် ခေါက်တုံ့ခေါက်ပြန်သာ လျှောက်နေရလေသည်။

တအောင့်လောက်နေတော့ ... အကောက်ခွန်အရာရှိခေါင်းဆောင်သည် ဖုန်းခေါ်လေ၏ ... ဖန်းကျစ်ဖေးကိုလည်း အေးစက်စက်မျက်လုံးများဖြင့် လှမ်းကြည့်သေး၏။ ဖန်းကျစ်ဖေးသည် သူ့နဖူးမှထွက်လာသည့် ချွေးစေးတို့ကို သုတ်၍ ... ရုံးတွင်း မီးဖိုးချောင်အခန်းငယ်ဆီသို့ မူမမှန်သောခြေလှမ်းများဖြင့် သွားလေသည်။

သူသည် ခွက်ထဲသို့ အသင့်ဖျော် ဘလက်ကော်ဖီထုပ်နှစ်ထုပ်အား ဖောက်ထည့်လိုက်၏ ... သူ့ရဲ့ဂနာမငြိမ်ဖြစ်နေတဲ့ စိတ်အစဉ်တို့ကို ခါးသက်သက် အရသာဖြင့် ခြေဖျက်ရန်ကြိုးစားလေသည်။ အကောက်ခွန်အရာရှိနှစ်ယောက် မှင်သေသေဖြင့် လှမ်းလျှောက်လာသည်ကို မြင်တွေ့ရ၏၊ သူက ထွက်ပြေးတိမ်းရှောင်ခြင်းမပြုပါဘဲ ... အပြင်ဘက် စြင်္ကလမ်း၌ ရပ်စောင့်နေလိုက်၏။

သည့်အခိုက် ... ဖန်းကျစ်ဖေးသည် ပုံမှန်မဟုတ်သော လေထုအငွေ့အသက်ကို သတိပြုမိ၏၊ ထို့အရာက သူ့အား ဒီနေရာမှ ပြေးထွက်သွားစေချင်မိ၏ ... ထို့အပြင် သူသည် အလွန်အန္တရာယ်များတဲ့ အခြေအနေအတွင်း ရောက်ရှိနေပြီလို့လည်း ခံစားရစေသည်။ သူသည် မတော်တဆ ကော်ဖီခွက် ဖိတ်ကျသလို ဟန်ဆောင်လိုက်ကာ ... ကော်ဖီတို့ကို သူ့ခန္ဓာကိုယ်ပေါ်သို့ ဖိတ်စင်စေလေသည်၊ ဒါမို့ ရေချိုးခန်းသို့ သွားဖြစ်ရသလို ဟန်ဆောင်၍ ရှောင်ထွက်လေသည်။

သို့ပေမယ့် ... အနှီအကောက်ခွန်အရာရှိနှစ်ဦးသည်
အထဲထိ သူ့နောက်မှ လိုက်လေ၏၊ သူ့ကို မျက်လုံးအေးကြီးများဖြင့်လည်း စိုက်ကြည့်ကြသေးသည်။

သူသည် မတတ်နိုင်သည့်အဆုံး ကော်ဖီအစွန်းတို့ကို ဆေးကြော၍ လိမ်လိမ်မာမာဖြင့်ပေ ပြန်လှည့်ရတော့သည်၊ ဒါပေမယ့် သူ ရုံးခန်းတံခါးသို့ လက်မလှမ်းမိ,ခင်လေးမှာတင် ... များလှသောရဲအရာရှိတို့သည် အပြေးအလွှားရောက်လာကြပြီး ... သူ့အား လက်ထိပ်ခတ်လာကြ၏ ... သူ့အခွင့်အရေးအတွက် ရှေ့နေခေါ်ပိုင်ခွင့်ရှိကြောင်းလည်း ပြောဆိုလာကြသည်။

_________________

________________^_^________________

Burmese translation of Quickly wear the face of the devil (快穿之打脸狂魔) Arc-13

translator by Kiley0096

ကလဲ့စား FOD- Arc13[မြန်မာဘာသာပြန်](Completed)Where stories live. Discover now