အပိုင်း (၅)

4.2K 496 58
                                    

Zawgyi

ရှောင်းကျန့် က ဖြတ်လျှောက်ရင်း ဘာရယ်မဟုတ် လယ်ကွင်းပြင်ထဲ ကို လှမ်းငေးကြည့်မိသည်၊၊ လယ်သမားတွေရဲ့ ဘဝကလဲ မလွယ်လှဘူး၊၊ နေပူ၊ မိုးရွာ မရှောင် ဝမ်းစာရေးအတွက်၊ တိုင်းပြည် ဆန်စပါး ၊ သီးနှံဖူလုံရေးအတွက် အင်တိုက်အားတိုက် ကြိုးစားနေကြတဲ့ အရိုးခံ လူသားတွေ၊၊

မာန်မာန တရား မရှိဘဲ ပွင့်လင်း ဖြူစင်တဲ့ ကျေးလက်ရွာ၏ ခင်မင်ဖော်ရွေ့ မှုက မြို့ပြကြီးများ၏ ဟန်ဆောင်ပန်ဆာင် ပကာသန ဟန်ပန်မူရာတွေ မရှိပေ၊၊

လေတဖြူးဖြူး တိုက်နေတဲ့ အခါဝယ် ယိမ်းနွဲ့ သွားတဲ့ စပါးပင်တွေကို ငေးကြည့်ရင်း ပေါ့ပါးစွာ ပြုံးရယ်မိပြန်ပါသည်၊၊

" Captain ဘယ်လဲဗျ "

" ဘယ်မှ မဟုတ်ပါဘူးဗျာ.. စခန်းက ပြန်လာတာလေ "

တောင်သူဦးကြီး တစ်ယောက်၏ စကားကို လောကွက်ချော်ရင်း ရယ်မောကာ ပြောလိုက်သည်၊၊

" Captain လဲ ဂရုစိုက်ပါဗျ.. နွေရာသီဆို ကျုပ်တို့ ဒေသက နေအရမ်းပူတာဗျ.. ဒါကြောင့် ခမောက်လေး ဘာလေး ဆောင်ပါဦး "

" ကျေးဇူးပါဗျာ.. "

" မလိုပါဘူးဗျာ၊၊ ကဲ ကျွန်တော် သွားလိုက်ပါဦးမယ် "

ရှောင်းကျန့် က ခေါင်းငြိမ့်ကာ အသိအမှတ်ပြု တော့ ထိုလူကြီးက ခြင်းတောင်းကို ထမ်းလျက် ခပ်သွက်သွက် ထွက်သွားလေသည်၊၊

'ရုပ်ကြမ်းပေမဲ့ စိတ်စေတနာ ဖြူစင်လှတဲ့ သူတွေပါလား ' လို့ ခပ်တိုးတိုး ရေရွတ်ရင်း ဆရာဝန်လေးဆီ သွားလိုက်ပါဦးမည်၊၊

                    ♡´・ᴗ・'♡                                      

" ဒေါက်တာ "

" ဟင် ခင်ဗျား ဘာကိစ္စလဲ "

" အာရိုး ဒေါက်တာကလဲဗျာ... မနေ့က ဒေါက်တာ လက်စကြောင့် နဖူးအာလူးသီးသွားတယ်၊၊ လက်အောက်ငယ်သား တွေရဲ့ လှောင်ပြောင်မှုကိုတောင် ခံခဲ့ရတယ်ဗျ "

ရှောင်းကျန့် က ဖျော့တော့တော့ လေသံငယ်လေးနဲ့ ပြောတော့ ရိပေါ် က စိတ်မကောင်းဖြစ်သွားသည်၊၊ သူ ထုတာ ဒီလောက်တောင် ဖြစ်ပျက်သွားသလား၊၊

Sweet Love 𝓒𝓪𝓹𝓽𝓪𝓲𝓷 & 𝓓𝓸𝓬𝓽𝓸𝓻   (Complete )Where stories live. Discover now