Chapter - 13.6.2

Začať od začiatku
                                    

ဖန်းကျစ်ဖေးတစ်ယောက်က ဒီထုတ်ပြန်ကြေငြာချက်ကို မြင်လိုက်ရတဲ့အခါတွင်တော့ သူ့လက်ထဲရှိ ကော်ဖီခွက်အား ပစ်ပေါက်လိုက်၏။ သူ့စိတ်တွေ အနည်ထိုင်ဖို့ နာရီဝက်ကြာ အချိန်ယူလိုက်ရပေတယ်...အဲ့ဒီနောက် Tengda ရဲ့ ဆာဗာနက် ချိတ်ဆက်လိုက်ပြီး <Magic World Mastery> ရဲ့ တိုးပွားလာနေတဲ့ ကစားသမားအရေအတွက်တို့ကို မြင်လိုက်ရမှ နဲနဲနေသာထိုင်သာရှိသွားတယ်။

# အပြစ်အနာရှိတဲ့ ထုတ်ကုန်တဲ့လား? ကျိုးယွင်ရှန့် း...ဒီသကောင့်သားကတော့ အရူးချီးပန်းစကားတွေ လာပြောနေတယ်! ဟက်...အကောင်းဆုံး လုပ်ကြည့်စမ်းပါအုံး၊ <Magic World> ထက်သာလွန်တဲ့ စံနှုန်းမြင့်တစ်ခုရဖို့ နောင်အနှစ် 50 ထိတောင် ဘယ်သူမှ ဖန်တီးနိုင်မှာမဟုတ်ဖူး ... ဟမ့် အချိန်က သက်သေပြလာလိမ့်မယ် #

နောက်တစ်နေ့တွင်တော့ 'ကျိုး' စတော့ဈေးတွေဟာ တကယ်ကြီး တဟုန်ထိုးမြင့်တက်လာတော့၏၊ နောက် 3 ရက်မြောက်နေ့ ... ဂိမ်းအသစ် မိတ်ဆက်ခြင်းအခမ်းအနားကို အောင်အောင်မြင်မြင် ကျင်းပပြီးတဲ့အခါကျရင်လည်း ဆက်လက်ပြီး မြင့်တက်လာဖို့ရန် ရှိပေသည်။ ဒီမတိုင်ခင်က 'ကျိုး' ရှယ်ယာတွေကို သွေးရူးသွေးတန်းနဲ့ ရောင်းချခဲ့တဲ့ မြှုပ်နှံသူတွေလည်း ယခုဆိုရင်ဖြင့် နောင်တရကာ သေချင်စော်နံသွားလျက်ပင်၊ သို့သော်ငြား ပေါချောင်ကောင်းလိုက်သူ ရင်းနှီးမြှုပ်နှံသူများကတော့ ဝမ်းသာလုံးစို့၍ အရောင်းအဝယ် လက်မှတ်ရေးထိုးရာ ခန်းမမှာတင် ခုန်ပေါက် ထ,က ချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာပေတော့သည်။

'ကျိုး' ကနေ ထွက်လာခဲ့တဲ့ အလုပ်သမားတွေနဲ့ ရှယ်ယာရှင်တွေဟာဆိုရင် အမှောင်ဖုံးကာ စိတ်အတွင်း တနုံ့နုံ့မကျေမချမ်းမှုများ ဖြစ်ပေါ်ခံစားလျက် ရှိပေ၏၊ <Magic World> ကိုသာလွန်တဲ့ ဘာဂိမ်းမျိုး ထွက်ပေါ်လာမလဲဆိုတာကို သူတို့တွေလည်း ကျိန်းသေစောင့်စားကာ ရှိလေသည်။

"ဒီလောက် အချိန်ကလေးနဲ့ ဂိမ်းအသစ်ကို သူတို့ မထုတ်လုပ်နိုင်ဖူး...ထုတ်နိုင်ခဲ့ရင်တောင် <Magic World> ထက်သာလွန်မယ်ဆိုတာ ပရိယာယ်တခုခုသာသာပဲ နေမှာ. ဒီနိုင်ငံထဲမှာဆို ကျနော်တို့ ထုတ်လုပ်ရေးအဖွဲ့က ယခုလောလောဆယ်မှာ အတော်ဆုံးလေ ... ကျနော်တို့်ထက် ပိုပြီးအရည်ချင်းရှိတဲ့ အဖွဲ့ကို သူ ရှာနိုင်မှာ မဟုတ်ဖူး" ဖန်းကျစ်ဖေးက ခိုင်ခိုင်မာမာကြီးကို ပြောဆိုလာသည်။

ကလဲ့စား FOD- Arc13[မြန်မာဘာသာပြန်](Completed)Where stories live. Discover now