"မေကြီးရေ ကားလမ်းပိတ်ရင်နောက်ကျနေဦးမယ် သွားမယ် အငယ်လေး အိမ်မှာတစ်ခုခုဆို ဖုန်းလှမ်းဆက်နော်"

"ဟုတ်ကဲ့ ဖေကြီး မေကြီး တာ့တာ"

ဖေကြီးတို့ကားထွက်သွားမှ ခြံတံခါးဆင်းပိတ်ပြီး မျက်နှာသစ်သွားတိုက်လုပ်စရာရှိတာလုပ်။ မနက်စာစားပြီးမှပဲ အစ်ကို့ဆီဖုန်းပြန်ဆက်လိုက်တော့မယ်။ တစ်နေကုန်ဘာလုပ်စရာရှိလဲလို့ စဥ်းစားကြည့်လိုက်တော့ စာအုပ်တစ်အုပ်ဖတ်နေတာ မပြီးသေးဘူး။ အာ့ဖတ်ရမယ်။ ဂိမ်းဆော့ရမယ်။ ပုံဆွဲချင်စိတ်ပေါက်လာရင် ဆွဲမယ်။ ပြီးရင် အစ်ကိုပြောသလို အစ်ကို့ကိုလွမ်းရမယ်။

"Hello"

"Hello အစ်ကို ဖုန်းပြောလို့ရရဲ့လား"

"ရပါတယ် ဘာလို့လဲ တစ်ခုခုဖြစ်လို့လား အစ်ကိုလာခဲ့ရမလား"

"အာ... ဘာမှမဖြစ်ဘူး ဒီတိုင်းဆက်လိုက်တာ"

"ဪ မသိဘူးလေ ကဲ ပြော ဘာပြောမလို့လဲ"

"ဒီတိုင်းဆက်လိုက်တာပါဆို"

"ဟုတ်ပါပြီဗျာ မနက်စာဘာစားလဲ"

"အုန်းနို့ခေါက်ဆွဲ"

"ပင်လယ်စာအပြင်မတည့်တာဘာရှိသေးလဲ"

"မရှိဘူးထင်တာပဲ အစ်ကိုရော?"

"အစ်ကိုကအကုန်တည့်တယ်"

"မကြိုက်တာရော?"

"မရှိဘူး အကုန်စားတယ် အမရာရော မကြိုက်တာရှိလား"

"ရှိတယ် အမရာကအစားရွေးတယ်"

"ဘာတွေမကြိုက်ဘူးလဲ"

"အများကြီးပဲ မပြောပြတတ်ဘူး"

"ကောင်းပါပြီဗျာ နောက်တော့သိလာရမှာပဲကိုနော်"

"..."

"အမရာ ဒီနေ့ဘာလုပ်ဖို့ရှိလဲ"

"စာအုပ်ဖတ်မယ် ဂိမ်းဆော့မယ်"

"ဘာစာအုပ်လဲ"

"The Life of the World to Come"

"စိတ်ဝင်စားဖို့ကောင်းမယ့်ပုံပဲ"

"အင်း စိတ်ဝင်စားဖို့ကောင်းတယ် အစ်ကိုရော ဘာလုပ်ဖို့ရှိလဲ အမရာ့ကိုလွမ်းဖို့ရှိတယ်လို့မပြောနဲ့"

My Crush is in LOVE with ME!Where stories live. Discover now