မား ကောင်ကလေးကို အမှတ်တွေ တစ်မှတ်ပြီးတစ်မှတ်ပေး၍ ချီးမွမ်းနေပြန်၏။
ထို့ကြောင့်.....
သူ ဘာမှပြန်မပြောသာပေ။
"မားကို ကတိပေးစမ်းပါ ကောင်ကလေးကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါမယ်လို့"
"အခုလဲ ကောင်းကောင်းမွန်မွန် ဆက်ဆံနေတာပဲ မားရ"
"မဟုတ်ဘူးလေ ကိုယ့်ညီအရင်းလို သွေးရင်းသားရင်းလို ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်လို့ပြောတာ၊ အခု သားက မတူသလိုမတန်သလိုနဲ့ ကလေး ဘယ်လောက်ခံရခက်ရှာမလဲ"
သူ သက်ပြင်းငွေ့ငွေ့ချ၍ မားကို ကတိပေးလိုက်သည်။
"ဟုတ်ကဲ့ သား ကြိုးစားပါ့မယ် မား"
ခဏအကြာ ကောင်ကလေး ပြန်ထွက်လာသည်။ သူ ဝတ်ထားသည့်အဝတ်အစားများက သူနှင့်စတွေ့သည့်နေ့က အဝတ်အစားတွေပင်ဖြစ်၍ ကောင်ကလေးကို သနားသွားမိ၏။
သို့သော် သူ့စိတ်ထဲ ဘယ်လိုပင်ရှိနေပါစေ အမြဲမျက်နှာကြောတင်းနေတတ်သူ ဖြစ်သည်။
"ကဲ...သွားစို့ မား၊ ကုန်တိုက်ကိုပဲ အရင်သွားမယ်နော်"
"အေး...အေး"
ကောင်ကလေးက မားရဲ့လက်ကို ခပ်ဖွဖွကိုင်၍ လိုက်ပါလာသည်။ မားနှင့်ထိုကောင်ကလေး၏ ချစ်ခင်မှုကို သားအရင်းဖြစ်သောသူကပင် မနာလိုဖြစ်ရ၏။
❤💚❤💚❤💚
"မားတို့ ရုံးခန်းထဲ အရင်လိုက်မလား၊ ကုန်တိုက်ကို အရင်လှည့်ကြည့်ဦးမလား"
သူ၏ Bestကုန်တိုက်ရှေ့မှ ကားကိုရပ်ကာ မေးလိုက်သည်။
"သား ရုံးခန်းထဲသွားနှင့်ပေါ့၊ မားနဲ့ကျန့်ကျန့် ကုန်တိုက်ထဲလိုက်ကြည့်လိုက်ဦးမယ် ပြီးမှ ရုံးခန်းထဲလိုက်ခဲ့မယ်"
"ဟုတ်ကဲ့ မား"
ရီပေါ် ကျန့်ကျန့်ကို တစ်ချက်လှမ်းကြည့်ကာ.....
"ကျန့်ကျန့် မင်းကြိုက်တဲ့အဝတ်အစား သုံးစုံယူပါ၊ ပိုယူရင်တော့ ပိုက်ဆံရှင်းရမယ် ကြားလား"
Part-4
Start from the beginning