အခန်း - ၉၇ (ဆွေကျိုးက အရေးအခင်း)

Start from the beginning
                                    

"ကျွန်တော့်ကို ခဏလောက်လွှတ်ပေးပါဆို၊ ဟိုဘက်အခန်းကို တစ်ချက် သွားကြည့်ကြည့်မလို့"

ယဲ့ကျင်က ရှန်ချန်းဖုန်း၏ ရင်ခွင်ကျယ်ကို အတင်းတွန်းထားကာ ချန်းဖုန်းနမ်းလာသမျှကို အနမ်းမခံဘဲ ရှောင်နေ၏။ တကယ့်စိတ်ရင်းက ထွက်ပြေးချင်နေသော်လည်း၊ အားကုန် ရုန်းနေသော်လည်း အရာမထင်။ တစ်ဖက်လူကို အမြင်ကတ်ကတ်နှင့် အရမ်း ကိုက်ပစ်ချင်နေပြီဟုပင် ယဲ့ကျင်တွေးလိုက်သေး၏။

ယဲ့ကျင့်၏ ပုံစံကိုမြင်သော် ရှန်ချန်းဖုန်းလည်း အတော်ရယ်ချင်သွားသည်။ လက်တစ်ဖက်က ယဲ့ကျင်ကိုချုပ်ထားလိုက်ကာ အခြားလက်တစ်ဖက်က မေးစေ့ကိုထိန်းပြီး မော့လာစေ၏။ ထို့နောက် ဆေးလုံးတစ်လုံးကို လက်မလေးဖြင့် အသာဖိကာ ပါးစပ်ထဲ ထည့်ကျွေးလိုက်သည်။

"အင့်"

ယဲ့ကျင်မှာ သတိမထားမိလိုက်သဖြင့် အငိုက်မိသွားသည်။ ချိုမြမြအရသာမှာ ခံတွင်းထဲစိမ့်ဝင်ပျံ့နှံ့သွားကာ တစ်ဖက်လူကို မျက်စိအပြူးသားကြည့်လာ၏။

ရှန်ချန်းဖုန်းက ယဲ့ကျင်၏ပါးပြင်နုနုအား ခပ်ဖွဖွ ပုတ်လိုက်ကာ -

"ကလေးလေး၊ လိမ္မာနော်....."

ခဏကြာတော့ ယဲ့ကျင်ဝမ်းဗိုက်အောက်ပိုင်းမှ လှိုက်ခနဲပူလောင်ပြင်းပြလာကာ တစ်ကိုယ်လုံးကလည်း နံရံသို့ ဖိကပ်ချုပ်နှောင်ထားခြင်းခံလိုက်ရသည်။ အဝတ်အစားများကလည်း ဖရိုဖရဲပြန့်ကျဲလို့။

စားပွဲကို ထမှောက်ပစ်ချင်လောက်အောင် ဒေါသထွက်နေပေမင့် ထိုလူကြီးကို ကန်ပစ်ဖို့ရန်ပင် ယဲ့ကျင်တွင်အားမရှိတော့။ သုံးလေးခါမျှ ရုန်းကန်နေပြီးနောက် လွတ်အောင်ရုန်းဖို့မဆိုထားနှင့်၊ မိမိဘက်ကသာ နွမ်းရိပင်ပန်းလာကာ အက်ရှသောလေသံဖြင့်ဆိုလာ၏။

"မင်းဘိုးအေ...ငါ့ကို အခုချက်ချင်း ဖြေဆေးထုတ်ပေး!!!!"

ရှန်ချန်းဖုန်းလည်း ငုံ့ဆင်းသွားကာ တစ်ဖက်ကကောင်လေး၏အမျက်ဒေါသကို ငြိမ်းသတ်ပေးရန် စတင်လိုက်လေသည်။

(T/n : နွေဦးဝတ်မှုန်ဆေးတွေရဲ့ ဖြေဆေးဆိုတာ ဘယ်လိုဟာမှန်း သိပြီးသားဖြစ်ကြမှာပါ)

ဧကရာဇ်ဗျူဟာWhere stories live. Discover now