" နေမကောင်းထားတာဆိုတော့ ထမင်းစားလို့ ဖြစ်ရဲ့လား "

ရှောင်းကျန့်က မေးတော့ ရိပေါ်က ပလုပ်ပလောင်းနဲ့ ဖြေ၏။

" ရတယ် စိတ်မပူနဲ့ နေကောင်းပြီ "

ချက်ထားတဲ့ ထမင်းဟင်းတွေကို အားရပါးရစားနေတဲ့ ရိပေါ်ကိုကြည့်ပြီးရှောင်းကျန့်ပြုံးသည်။

တကယ်က ရိပေါ်လည်း အိမ်ထမင်းဟင်းမစားရတာ ကြာလှပြီ။ ဒါက အိမ်ကထွက်လာပြီးနောက်ပိုင်း ပထမဆုံးစားတာဖြစ်သည်။ ပြီးတော့ သူစိမ်းတစ်ယောက်က ကိုယ့်အတွက် ပထမဆုံးဟင်းချက်ပေးဖူးတာဖြစ်သလို သူစိမ်းတစ်ယောက်ချက်ပေးတဲ့ ထမင်းဟင်းကို အားရပါးရစားတာ ဒီတစ်ခါ ပထမဆုံးပင်။

" so jeon လက်ရာ တကယ်ကောင်းတယ်...  "

ရိပေါ်က လက်မထောင်ပြသည်။

" အဲ့လောက်လည်းမဟုတ်ပါဘူး ",

ရှောင်းကျန့်က ရိပေါ်ချီးကျူးတာခံရတော့ မနေတတ်သလိုနဲ့ သွားဖြည်းပြသည်။

" ကြက်ကြော်က တကယ်မိုက်တာ။ နောက်မှ ခင်ဗျားတို့ဆိုင်ကို လာအားပေးပါဦးမယ် "

" .... "

" ဒါနဲ့ ခုနေ့လည်စာဆ်ိုတော့ မနက်စာစားပြီးပြီလား "

ရိပေါ်က ရှောင်းကျန့်ကိုမေးလိုက်၏။

" မစားရသေးဘူး။ ခုမှ မနက်စာနဲ့ နေ့လည်စာပေါင်းစားတာ။ တမနက်လုံး ဟင်းချက်နေရတာနဲ့ အချိန်ကုန်ရော "

" အားနာစရာကြီး "

" ရပါတယ်။ အားနာစရာမှမလိုတာကို "

အားနာတယ်ဆိုတဲ့စကားကို ပြောလေ့မရှိတဲ့ ရိပေါ်အတွက် ပထမဆုံးအားနာခြင်းလို့တောင်ပြောလို့ရသည်။

ပြီးတော့ ရိပေါ်အတွက်က ထမင်းဝိုင်းမှာ ပထမဆုံးစကားများများပြောဖူးတာပင်။

ရှောင်းကျန့်နဲ့တွေ့မှပဲ ရိပေါ်က ပထမဆုံးဆိုတာတွေပဲများနေတော့သည်။

" ဟို မနေ့က so jeon ဝယ်ထားတဲ့ထဲ နံနံပင်ပါလား "

ရိပေါ်က ထမင်းငုံ့စားနေတဲ့ ရှောင်းကျန့်ကို မေးလိုက်သည်။

AI (Edit လုပ်နေဆဲ )Kde žijí příběhy. Začni objevovat